အခန်း (၂၂)

11.2K 1.4K 0
                                    

Unicode

ထို့နောက် စာမေးပွဲဖြေသည့်နေရာသို့ သူမ တစ်ခေါက်ပြန်သွားကာ အုပ်ချုပ်ရေးမှူးရုံး၌ စောင့်နေလိုက်သည်။ ခဏအကြာတွင် ကြီးကြပ်ရေးမှူးနှင့်အတူ အခြားသူများပါ ရောက်ရှိလာသည်။

"Miss. Nie" ထိုသူမှ သူမကို ပြုံးပြကာ

"မိတ်ဆက်ပေးရဦးမယ်။ သူကတော့ ဒါရိုက်တာ Chen Lin ပါ။ ပြီးတော့ 'ရွှေအင်းလေး' ရှိုးပွဲအစီအစဉ်ရဲ့ လက်ထောက်ဒါရိုက်တာလည်း ဟုတ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲဗျာ၊ ကျွန်တော်တို့ဆီကို သူဒီနေ့အလည်လာရင်းနဲ့ ခင်ဗျားလက်ရာကို မြည်းကြည့်လိုက်တော့ သဘောတွေ့သွားတယ်ဗျာ။ ပြီးတော့ ခင်ဗျားရဲ့ အချက်အပြုတ်စွမ်းရည်ကို ထိပ်တန်းစားဖိုမှူးတစ်ယောက်ရဲ့ လက်ရာတစ်ခုအဖြစ်တောင် သတ်မှတ်လို့ရတယ်လို့ ကျွန်တော်တို့အားလုံးက ပြောနေကြတာဗျ။

ဒါကြောင့် 'ရွှေအင်းလေး' ရှိုးပွဲအစီအစဉ်ရဲ့ အဖွဲ့သူ၊ အဖွဲ့သားတွေအတွက် ချက်ပြုတ်ပေးမယ့်တာဝန်ယူဖို့ကို ခင်ဗျားစိတ်ဝင်စားမလားဆိုတာ ဒါရိုက်တာ Chen က သိချင်နေပါတယ်ဗျာ။"

"ရွှေအင်းလေး" ရှိုးပွဲအစီအစဉ်ကို သူမ ကြားဖူးသည်။ ဤအစီအစဉ်ကြောင့် Qin ZiMing ၏ချစ်သူ Li ManGe တစ်ယောက် နာမည်ကြီးလာခဲ့ခြင်းဖြစ်သည်။

အနုပညာလောကတွင် နာမည်တစ်ခုမျှမရှိသည့် Li ManGe အနေဖြင့် အောက်ဆုံးအဆင့်မှ အရံမင်းသမီးအဆင့်အထိသို့ ရောက်လာနိုင်အောင် ခြောက်လအတွင်း စွမ်းဆောင်နိုင်ခဲ့သည့် သူမ၏အရည်အချင်းက အထင်ကြီးစရာပင် ဖြစ်သည်။

"ရွှေအင်းလေး" ရှိုးပွဲအစီအစဉ်အတွက် သီးသန့်ရည်ရွယ်၍ အာဟာရဗေဒပညာရှင် ခန့်အပ်သည်ဆိုသည့်အချက်ကို ဝတ္ထုဖတ်ခဲ့စဉ်က သူမ သတိမထားမိခဲ့ပေ။

အစီအစဉ်ထဲ၌ စားဖိုမှူးနေရာမှ ပါဝင်တင်ဆက်သူများရှိသော်လည်း ထိုသူအားလုံးတို့မှာ သရုပ်ဆောင်များသာဖြစ်သည့်အတွက် သူတို့၏ဟင်းချက်လက်ရာများက သာမန်ကာလျှံကာအဆင့်မျှသာ ရှိလေသည်။

Nie AnAn တစ်ယောက် တွေဝေနေပုံရသဖြင့်

"ဒါဆိုလည်း Miss. Nie အနေနဲ့ ကျွန်တော်တို့ စာချုပ်ကို အရင်ကြည့်ကြည့်မလား။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now