အခန်း (၇၄)

9K 1.1K 67
                                    

Unicode

ရေချိုးခန်းထဲတွင် ဖုန်းပြောနေသည့် သူ၏အသံနက်နက်က တံခါးပိတ်ထားသည့်ကြားမှ လေဟာနယ်ကိုဖြတ်လာသဖြင့် သူပြောသမျှကို သူမ ရှင်းရှင်းလင်းလင်းကြားနေရသည်။

ထိုအခါမှသာ အံ့ဩမှင်သက်နေရာမှ သူမ သတိပြန်ဝင်လာပြီး နောက်ပြန်မလှည့်ရဲတော့ဘဲ ကိုယ့်အခန်းသို့ တဟုန်ထိုးပြေးသွားကာ အခန်းထဲရောက်မှသာ အသက်ပြင်းပြင်းရှုဝံတော့သည်။

'အား....ငါ...မြင်လိုက်ရတာက.... သူ့ရဲ့.... ဟိုဟာ...'

(T/N : 😴)

သူမ မျက်လုံးနှစ်ဖက်များကို ခပ်တင်းတင်းမှိတ်ထားသည့်တိုင် ထိုမြင်ကွင်းက အာရုံထဲမှ ပျောက်မသွားနိုင်သေးပေ။

"ကယ်ကြပါဦး... ငါဘာလုပ်ရမလဲ... ငါဘယ်လိုလုပ်သင့်လဲ။ အဲ့ပုံရိပ်က ငါ့ခေါင်းထဲကနေကို မထွက်နိုင်တော့ဘူး။"

Huo YanXiao အပေါ်တွင်ရှိနေသည့် သူမ ၏မရိုးမသားစိတ်များနှင့်အတူ စောစောက မြင်ကွင်းတို့ပေါင်းစပ်၍ ထွက်ပေါ်လာသည့် စိတ်ကူးယဉ်အတွေးပုံရိပ်များကြောင့် သူမ မျက်နှာတစ်ခုလုံး ရဲတွတ်သွားသည်။

(T/N : AnAn ရဲ့  Creativity လေးက အရမ်းကောင်း၊ ဘယ်ကျောင်းဆင်းလဲ မသိဘူး 🤔)

စိတ်ရှုပ်လွန်း၍ ခေါင်းကုပ်နေမိသည်မှာ ဆံပင်များက ငှက်သိုက်သဖွယ် ရှုပ်ပွလာသည့်အထိပင် ဖြစ်သည်။ ကုတင်ပေါ်၌ ဘယ်ညာလူးလွန့်ရင်း အိပ်မရတော့သည့်အဆုံးတွင် ထထိုင်လိုက်သည်။

ယောက်ယက်ခတ်နေသည့်စိတ်များ တည်ငြိမ်သွားအောင် မိနစ်အနည်းငယ်ခန့် အာရုံစုစည်းလိုက်သည်။ ထို့နောက် စောင်ကို ခေါင်းမြီးခြုံပြီး သူမ တစ်ကိုယ်လုံးကို လုံအောင်ဖုံးပစ်ကာ အိပ်ရန် ဒုတိယအကြိမ် ပြန်ကြိုးစားလိုက်သည်။

စောစောက အဖြစ်အပျက်များကြောင့် Huo YanXiao နှင့် ရှေ့လျှောက် မည်သို့မျက်နှာချင်းဆိုင်ရမည်ကို မတွေးတတ်အောင်ဖြစ်နေတော့သည်။ တစ်အိမ်တည်းတွင် နေသူများဖြစ်သည့်အပြင် မနက်ဖြန် မနက်စာစားလျှင်လည်း တွေးရဦးမည်ဖြစ်ရာ ရှေ့ရေးကိုတွေးပြီး စိုးရိမ်ပူပန်နေသဖြင့် Nie AnAn တစ်ယောက် မည်သို့ပင်အိပ်ပျော်ရန်ကြိုးစားစေကာမူ မအိပ်နိုင်ဘဲရှိနေလေသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now