အခန်း (၂)

13.2K 1.4K 2
                                    

Unicode

ထိုအချိန်မှစ၍ Nie AnAn နှင့် Huo YanXiao တို့မောင်နှမနှစ်ယောက်၏ ဆက်ဆံရေးသည် တဖြည်းဖြည်းယိုယွင်းပျက်စီးလာကာ နောက်ဆုံးတွင် တစ်ဦးနှင့်တစ်ဦးအသက်ကို ရန်ရှာတော့မည် အ​ခြေအနေအထိ ဖြစ်လာခဲ့သည်။

အဆိုးဆုံးမှာ Qin ZiMingအပေါ်တွင် ထားရှိသော သူမ၏ ချစ်ခြင်းမေတ္တာကို နည်းလမ်းအမျိုးမျိုးသုံး၍ ဖော်ပြခဲ့သော်လည်း သူ့ထံမှ တုန့်ပြန်မှုတစ်စုံတစ်ရာမှပင် မရရှိခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် သူမ ပိုင်ဆိုင်သမျှ အရာအားလုံး လက်လွှတ်ဆုံးရှုံးခဲ့ရသည့်အပြင် သူမ၏ ဇာပနအခမ်းအနားမှာလည်း တိတ်ဆိတ်ခြောက်ကပ်မှုများဖြင့်သာ ပြီးဆုံးခဲ့ရသည်။

ဇာတ်လမ်း၏ ဗီလိန်ဇာတ်ကောင်ဖြစ်သူ Huo YanXiao လည်း အဆုံးသတ်တွင် ကုသ၍မရနိုင်သော ရောဂါကူးစက်ခံရပြီး သေဆုံးခဲ့သည်။ ဝတ္ထုထဲမှ ဤကဲ့သို့သော စိတ်မချမ်းသာစရာ အကြောင်းအရာများကို Nie AnAn ပြန်လည်စဉ်းစားမိသည်အခါ သက်ပြင်းချမိသည်။ သူမ ရှေ့ဆက်ရမည့်ခရီးက စိတ်ပျက်ဖွယ်ရာအတိပင် ဖြစ်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ လူတစ်ယောက် တံခါးလာခေါက်သံကို ကြားရလေသည်။ “ မမလေး၊ ကား အဆင်သင့်ဖြစ်ပါပြီ။ အခု စထွက်တော့မလား ခင်ဗျ။"

"ဘယ်သူလဲ?" Nie AnAn ချက်ချင်း မေးလိုက်သည်။

"ကျွန်တော် Cucumber ပါ၊" ဟု တစ်ဖက်မှ ပြန်ဖြေလာသည်။ ဆက်၍ပင်

"မမလေး၊ မသွားသေးဘူးလားဗျ၊ Qin ZiMing က မကြာခင် ကလပ်မှာရောက်တော့မှာ၊ ကျွန်တော်တို့အခုနေမှ စ,မထွက်သေးဘူးဆိုရင်....”

"အိုကေ၊ ငါအခု ပြင်ဆင်လိုက်မယ်" ဟု Nie AnAn ဖြေလိုက်သည်။

Qin ZiMing အပေါ်တွင် မည်သည့်ခံစားချက်မှမရှိသော်လည်း ပတ်ဝန်းကျင်အသစ်၊ နေရာအသစ်တွင်ရောက်ရှိနေသည့် သူမအနေဖြင့် မီးစင်ကြည့်ကရမည့် အချိန်ဖြစ်သည်။ ယခုအချိန်တွင် ဝတ္ထုထဲမှ ဇာတ်ကောင်စရိုက်အတိုင်း  အလိုက်သင့်နေမှ သူမအဖို့ ဟန်ကျမည်ဖြစ်သည်။ ထို့ပြင် ကလပ်သွားရင်း ဇာတ်လိုက်ဖြစ်သူကိုပါ တစ်ချိန်တည်းတွင် အကဲခတ်နိုင်မည့် အခွင့်အရေးကောင်းပင် မဟုတ်ပါလား။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now