အခန်း (၂၉)

10.5K 1.4K 36
                                    

Unicode

Nie ChengFeng တည်းခိုခန်းအတွင်းသို့ ရောက်သည့်အခါ နေ့လည်စာ စားရန်ပြင်နေသည့် အဖွဲ့သားများကို တွေ့လိုက်ရသဖြင့်

"ကျွန်တော် အချိန်မီရောက်လာတာပဲ။"

ဟု ကျေကျေနပ်နပ်ပြုံး၍ပြောလိုက်သည်။

Nie ChengFeng ရောက်လာသည်နှင့် တစ်ပြိုင်နက် ကင်မရာဆရာက သူ့ဖက်သို့ကင်မရာကိုချိန်ထားလိုက်သည်။ ထမင်းစား စားပွဲတွင်ထိုင်နေကြသည့် အဖွဲ့သားများမှာ သူရှိရာသို့လှမ်းကြည့်ပြီး မတ်တပ်ရပ်ကာ ပြုံးပြနှုတ်ဆက်လိုက်ကြသည်။ ထို့နောက်တွင် မိမိနေရာသီးသီး ပြန်ထိုင်လိုက်ကြပြီးပန်းကန်နှင့် ထမင်းစားတူများကို ကောက်ကိုင်လိုက်ကာ နေ့လည်စာ စားရန် အသင့်အနေအထားပြင်လိုက်ကြသည်။ ၎င်းတို့၏ပုံစံမှာ အစားကောင်းအသောက်ကောင်း မစားရသည်မှာ နှစ်နှင့်ချီ၍ကြာပြီဖြစ်သည့် ယခုမှပင် ထောင်ထဲမှထွက်လာသူများနှင့် တူနေလေသည်။

Nie ChengFeng တစ်ယောက် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲ၌ တွေးနေသည်မှာ

'ငါ့ကို တခမ်းတနားနဲ့ကြိုဆိုမယ်လို့ ပြောထားတဲ့ကတိကရော ဘယ်လိုဖြစ်သွားတာလဲ။ လျို့ဝှက်ဧည့်တော်အဖြစ် ရောက်လာတဲ့ငါ့ကို ဘာလို့အရေးတယူ ဆက်ဆံဧည့်ခံတာမျိုးမရှိကြတာလဲ။'

ထိုအချိန်၌ စားပွဲ၏အစွန်းတစ်ဖက်၌ထိုင်နေသည့် Li ManGe မှ လက်ဝှေ့ယမ်းပြလာ၍သာ သူ ကြောင်တောင်တောင် ဖြစ်မသွားခြင်း ဖြစ်သည်။ 

“အစ်ကို ChengFeng၊ ဒီဖက်ကိုလာခဲ့ပါ။ အစ်ကို့အတွက် ဒီဘက်မှာ ကျွန်မနေရာဦးပေးထားတယ်။"

Nie ChengFeng တစ်ယောက် သူမ နံဘေး၌ဝင်ထိုင်လိုက်ပြီးသည့်အခါ သိချင်စိတ်များက တားဆီးမရတော့သဖြင့်

"မင်းတို့အားလုံး မနက်စာမစားရသေးဘူးလား။"

"ကျွန်မတို့ စားပြီးသားပါ။ ဒါပေမဲ့ အစာစားချိန်ရောက်တိုင်းမှာ အခုလိုအသင့်အနေအထားနဲ့ရှိမနေရင် ကျွန်မတို့စားဖို့ ဘာမှကျန်မှာ မဟုတ်တော့ဘူး။"

ဟု Nie ChengFeng ထံသို့ ပန်းကန်နှင့် ထမင်းစားတူလှမ်းပေးရင်း သူမ ရှင်းပြလိုက်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now