အခန်း (၅၉)

9.2K 1.2K 62
                                    

Unicode

Ji YunChuan နှင့် Nie AnAn တို့နှစ်ယောက်မှာ ညနေ ၅ နာရီထိုးချိန်အထိ တည်းခိုခန်းသို့ ပြန်မရောက်ကြသေးပေ။

ညနေစာစာပြီးသည့်အခါ နေအလင်းရောင်ကွယ်ပျောက်သွားပြီဖြစ်ပြီး အမှောင်ထုကစိုးမိုးသွားတော့သည်။ သို့သော်လည်း တည်းခိုခန်းအထဲ၌မူ စကားဝိုင်းဖွဲ့သံများဖြင့် သက်ဝင်လှုပ်ရှားနေကြသေးသည်။

Nie AnAn တစ်ယောက် တစ်နေ့လုံး အပြင်ရောက်နေသဖြင့် ပင်ပန်းနေပြီဖြစ်သည်။ အခန်းထဲသို့ပြန်ရောက်သည်နှင့်ချက်ချင်း ကိုယ်လက်သန့်စင်ရန်အတွက် ရေချိုးခန်းအတွင်းသို့ တန်းတန်းမတ်မတ်ဝင်သွားတော့သည်။

တစ်နေ့လုံးသေသေချာချာ စဉ်းစားပြီးသည့်အခါ Huo YanXiao နှင့်လူချင်းတွေ့ပြီးမှသာ ဆုံးဖြတ်ချက်ချသင့်သည်ဟု သူမ ခံစားမိသည်။

တစ်ခါတစ်ရံ အဖြေရှာရခက်နေသည့် ပုစ္ဆာတစ်ချို့အတွက် ထိုကိစ္စတွင်ပါဝင်ပတ်သက်နေသည့် ကာယကံရှင်နှင့် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလိုက်သည့်အခါ တကူးတက စဉ်းစားနေစရာမလိုတော့ဘဲ အဖြေရသွားတတ်သည် မဟုတ်ပါလား။

ရေချိုးခေါင်းလျှော်ပြီးသည့်အခါ ဆံပင်ခြောက်အောင် လုပ်လိုက်ပြီးနောက် အဖြူရောင်ဂါဝန်ကို ထုတ်ဝတ်လိုက်သည်။ တစ်နေ့လုံးစည်းထားသည့်ဆံပင်ကို ဖြည်ကာဖြန့်ချထားသည့် သူမအသွင်က ခါတိုင်းနှင့်မတူဘဲ လူကြီးဆန်နေသည်။ အားလုံးပြင်ဆင်ပြီးသည့်အခါ တည်းခိုခန်း'A' ရှိရာသို့ သူမ ထွက်သွားတော့သည်။

ထိုနေရာသို့ရောက်သောအခါ အာလာပသလ္လာပ ပြောနေကြသည့် ရှိုးအဖွဲ့သားများကို ဧည့်ခန်းထဲတွင် တွေ့ရသည်။ အဖွဲ့သားများမှာ Nie AnAn ရောက်လာသည်ကိုမြင်သည်နှင့် သူမ စကားတစ်ခွန်းမှ မမေးရသေးခင်မှာပင်

"AnAn Mr. Huo က အပေါ်ထပ်မှာရှိတယ်နော်။"

သူမ ခေါင်းညိတ်ပြပြီးနောက် အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။

ထိုအချိန်၌ Huo YanXiao မှာ အခန်းထဲ၌ အလုပ်နှင့်ဆိုင်သည့် အီးမေးလ်များဖတ်ရင်း အလုပ်များနေလေသည်။ ထိုအခိုက်၌ သူ၏အခန်းတခါးလာခေါက်သံကို ကြားလိုက်ရသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now