အခန်း (၅)

11.8K 1.4K 1
                                    

Unicode

လက်ထဲမှ ဝိုင်ခွက်ကို Huo YanXiao အောက်ချလိုက်သည်။ သို့သော်လည်း သူ့ထံမှ တုံ့ပြန်မှုတစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိသည့်အပြင် စူးရှနက်ရှိုင်းလွန်းလှသည့် မျက်ဝန်းများကြောင့် သူဘာတွေးနေသည်ကို မည်သူမျှ ခန့်မှန်း၍ မရနိုင်ပေ။

ထိုသို့ အေးတိအေးစက်ရှိလှသည့် သူ့အပြုအမူကြောင့် Nie AnAn  ရှက်ကိုးရှက်ကန်း ဖြစ်မိသွားသည်။

မူလဝတ္ထုဇာတ်ညွှန်းအရ သူမနှင့် Huo YanXiao တို့နှစ်ဦးကြား ဆက်ဆံရေးယိုယွင်းမှုသည် ဤအခန်းနောက်ပိုင်းမှသာ စတင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် Qin ZiMing နောက်ကို တကောက်ကောက်လိုက်ရင်းသာ အချိန်ကုန်လွန်နေခဲ့သည့် သူမအနေဖြင့် Huo YanXiao အပေါ်တွင် အမှားတစ်စုံတစ်ခုမျှ ကျူးလွန်ထားခြင်းပင် ရှိမည်မဟုတ်ချေ။ ထို့ကြောင့် နှစ်ဦးသားဆက်ဆံရေး အခြေအနေမှာ ကောင်းမွန်နေဆဲဖြစ်သည်ဟု မှတ်ယူ၍ရနိုင်သည်။

ထို့ပြင် Huo YanXiao ၏ ၂၆ နှစ်မြောက်မွေးနေ့ပွဲကိုလည်း နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲဖြစ်ခဲ့ကြသည်ဟု ဝတ္ထုထဲတွင် ရေးသားထားသည်ဖြစ်ရာ ယခု သူတုံ့ပြန်လာပုံက ဇာတ်လမ်းထဲမှ ဇာတ်ကောင်ပုံစံနှင့် ကွဲပြားနေလေသည်။

ထိုအချိန်၌ Huo YanXiao မတ်တပ်ထရပ်လိုက်ကာ “ Mr. Qin၊ ဒီနေ့ ကျွန်တော်ပြောတာတွေကို ခင်ဗျားသေချာ စဉ်းစားဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် လုပ်စရာတွေရှိသေးလို့ ခွင့်ပြုပါဦး။"

ထိုသို့ ပြောပြီးသည်နောက် အခန်းတံခါးရှိရာဘက်သို့ ခပ်သွက်သွက်လျှောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ Nie AnAn သတိပြန်ဝင်လာပြီး သူ့နောက်သို့ ဒရောသောပါး လိုက်သွားတော့သည်။

မောင်နှမ နှစ်ယောက်စလုံး ပြန်သွားကြသဖြင့် အခန်းထဲရှိသူများအားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဇဝေဇဝါဖြစ်သွားကြသည်။

" ကြုံတောင့်ကြုံခဲရတဲ့ ဒီအခွင့်အရေးကို Nie AnAn က  လက်လွတ်ခံလိုက်တာလား...ဒါမှမဟုတ် အစ်ကို Qin ကိုမရနိုင်တော့မှန်း အမြင်မှန်ရသွားလို့ လက်လျှော့လိုက်တာလား။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now