အခန်း (၄)

11.7K 1.4K 11
                                    

Unicode

ထိုသူ စကားလှမ်းပြောလိုက်သည့်နေရာသို့ Nie AnAn ကြည့်လိုက်သည့်အခါ အခန်းထောင့်တစ်နေရာတွင် ထိုင်နေသည့် လူတစ်ယောက်ကို မြင်ရလေသည်။

မီးခိုးရောင်ဆိုဖာပေါ်မှ ထိုလူသည် ရှပ်အင်္ကျီအနက်ရောင် ဝတ်ဆင်ထားပြီး အင်္ကျီလက်ကို ခေါက်တင်ထားသဖြင့် ကျန်းမာသန်စွမ်းသည့် လက်အစုံက ထင်သာမြင်သာ ရှိလှသည်။ ထိုသူသည် လက်ထဲမှ ဝိုင်ခွက်ကို ဖြည်းဖြည်းချင်း လှုပ်ယူရင်း ခေါင်းငုံထားသည်။

သပ်သပ်ရပ်ရပ် ညှပ်ထား၍ ရှင်းသန့်နေသည့် လက်သည်းများနှင့် ရှည်လျားလှပသည့် လက်ချောင်းသွယ်ကလေးများက ကြည့်၍ကောင်းသည့် လက်အစုံ၏အလှကို ပိုမိုပေါ်လွင်သွားစေသည်။

အခန်းအတွင်းရှိ မီးဆိုင်းမီးပန်းကြီး၏ အလင်းရောင်က လက်ထဲရှိ ဝိုင်ခွက်မှတစ်ဆင့် သူ၏လက်တွင် ရောင်ပြန်ဟပ်နေသည်။  ညို့အားကောင်းလှသည့် သူ၏လက်များနှင့် ဖန်ခွက်ကို လှုပ်ခါ ကစားနေပုံက မှော်ဝင်ပန်းချီကားတစ်ချပ်ကို ကြည့်ရှုနေရသည့်ပမာ ဖမ်းစားနိုင်စွမ်း အပြည့်ရှိလှသည်။

သူ၏ နာမည်ခေါ်လိုက်သံကြောင့် လက်ထဲရှိ ဝိုင်ခွက်မှ အကြည့်ကိုလွှဲကာ Nie AnAn ကို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သူမ အား စိတ်ဝင်စားမှု တစ်စက်ကလေးမျှ ရှိပုံမပေါ်သည့်အပြင် စက္ကန့်ပိုင်းလေးအတွင်းမှာပင် သူ၏အကြည့်တို့က လက်ထဲမှ ဖန်ခွက်ဆီသို့သာ ပြန်ရောက်သွားလေသည်။

အခန်း၏ ထောင့်ကျသောနေရာတွင် ထိုင်နေသောကြောင့် အမှောင်ရိပ်တို့နှင့် ဖုံးကွယ်ထားသည့် သူ၏မျက်နှာကို ထိုသို့သော အချိန်ခဏလေးအတွင်း၌ Nie AnAn ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူမ ဘဝတွင် ရုပ်ရည်ခန့်ညား၍ ကြည့်ကောင်းလှသည့် ယောကျာ်းလေးများကို တွေ့ခဲ့ဖူးသော်လည်း ယခုကဲ့သို့ ညို့အားပြင်းပြင်းနှင့် ဆွဲဆောင်မှုရှိလွန်းသည့် သူ၏ မျက်နှာကိုတွေ့လိုက်ရသည့်အခါ အနည်းငယ်အံ့အားသင့်သွားသည် ဆိုသောအချက်ကိုတော့ သူမ ဝန်ခံရပေမည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now