အခန်း (၂၁)

11.2K 1.4K 0
                                    

Unicode

ယနေ့မနက်ပိုင်းတွင် အလုပ်ကိစ္စနှင့်ပတ်သက်၍ ခရီးထွက်ရမည်ဖြစ်သောကြောင့် လှဲနေရာမှ Huo YanXiao မြန်မြန်ဆန်ဆန်ထ,လိုက်လေသည်။ သို့သော်လည်း ယခင်အချိန်များကဲ့သို့ အရက်သောက်ပြီးသည့်မနက်တိုင်းတွင် ခံစားရလေ့ရှိသည့် ခေါင်းကိုက်ခြင်းမျိုးကို မခံစားရကြောင်းသတိပြုမိလိုက်သည်။

ထို့နောက် မီးဖိုချောင်ထဲသို့ သွားသည့်အခါ မီးဖိုပေါ်၌ ဆန်ပြုတ်အိုး ရှိနေလေသည်။

အဖုံးဖွင့်လိုက်သည်နှင့် လတ်ဆတ်မွှေးကြိုင်သည့်ရနံ့တို့က အခန်းတစ်ခုလုံး သင်းပျံ့သွားသည်။ အသားနှင့်အသီးအရွက်ရောပြုတ်ထားသည့် နို့နှစ်ရောင် ဆန်ပြုတ်အပေါ်မှ ကြက်သွန်မြိတ်များ ဖြူးထားလေသည်။ သို့သော် ထိုဆန်ပြုတ်ကို ချက်ချင်းမစားသေးဘဲ အိမ်အပေါ်ထပ်သို့ သူ တက်သွားလေသည်။

Nie AnAn အခန်းတံခါးမှာ ပွင့်လျက်သားဖြစ်နေပြီး တစ်အိမ်လုံးတွင် သူတစ်ယောက်တည်းသာရှိနေလေသည်။ မီးဖိုချောင်ထဲသို့ သူပြန်ရောက်လာချိန်၌ နာရီလက်တံက ၆:၅၀ကို ညွှန်ပြနေပြီ ဖြစ်သည်။

ဆန်ပြုတ်တစ်ပန်းကန် ခူးလိုက်ကာ သူ့ပါးစပ်ထဲသို့ တစ်လုတ်သွင်းလိုက်ချိန်၌ ခံတွင်းတစ်ခုလုံး စွဲမက်ဖွယ်ကောင်းသည့်ရနံ့များနှင့် ပြည့်သွားတော့သည်။ ဆန်ပြုတ်တစ်ပန်းကန်လုံး ကုန်အောင်သောက်ပြီးနောက်တွင် ထမင်းစားစားပွဲနှင် ပန်းကန်များကို ဆေးကြောကာ အပေါ်ထပ်သို့တက်သွားလေတော့သည်။ အိပ်ခန်းထဲ၌ ဖီးလိမ်းပြင်ဆင်ပြီးနောက် ခရီးဆောင်လက်ဆွဲသေတ္တာနှင့်အတူ အပြင်ထွက်သွားလေတော့သည်။

အိမ်ကြီး၏အနီးအနား ပတ်ဝန်းကျင်တွင်မူ Nie AnAn တစ်ယောက် အပြေးလေ့ကျင့်ခန်းလုပ်နေလေသည်။ ရက်ပိုင်းအနည်းငယ်ခန့် လေ့ကျင့်ခန်းလုပ်ပြီးသည့်အခါမှသာ အတိတ်ဘဝမှ သူမ၏ကျန်းမာစိုပြေသည့် ကိုယ်ခန္ဓာကို ပြန်ရသွားပြီဟု ခံစားမိတော့သည်။

သူမ ကလေးဘဝတုန်းက မတော်တဆမှုတစ်ခုကြောင့် မိဘများ သေဆုံးခဲ့ရပြီး အဘိုးဖြစ်သူ လက်ထဲ၌သာကြီးပြင်းလာခဲ့ရသည်။ အဘိုးဖြစ်သူက သူမကို အလိုလိုက်ကာ ချစ်မြတ်နိုးသည်မှန်သော်လည်း အရာကိစ္စနှစ်ခုနှင့် ပတ်သက်လာလျှင် စည်းကမ်းတင်းကျပ်သူဖြစ်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now