အခန်း (၈၇) - Bonus

8.5K 982 19
                                    

Unicode

သူမ အထုပ်အပိုးများအားလုံးကို နေရာချပြီးသည့်အခါ Ji YunChuan နှင့်အတူ ထိုနေရာကိုလှည့်ပတ်ကြည့်ရှုရန်အတွက် တည်းခိုခန်းအပြင်သို့ ထွက်သွားတော့သည်။

သူမတို့တည်းခိုခန်း၏ အနီးအနားတွင် ကုန်စုံဆိုင်တစ်ဆိုင် ဖွင့်ထားသော်လည်း ထိုဆိုင်၌ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချထားခြင်းမရှိသဖြင့် စျေးအထိသွားကာ လိုအပ်သည့်ဟင်းချက်ပစ္စည်းများ ဝယ်ခြမ်းရတော့သည်။

ဤနေရာသည် ပင်လယ်ကမ်းရိုတန်း ဒေသဖြစ်သည့်အလျောက် လတ်ဆတ်လှသည့် ပင်လယ်စာမျိုးစုံကို ဖောဖောသီသီ ဝယ်ယူ၍ရနိုင်သော်လည်း အသီးအရွက်များကမူ အတော်ရှားပါးနေသည်ကို စျေးဝယ်ရင်း သူမ သတိပြုမိသည်။

ထို့ကြောင့် ညရောက်သည့်အခါ အလွယ်တကူရနိုင်မည့် ဟင်းသီးဟင်းရွက်များကို စာရင်းလုပ်ကာ သူမ ဟင်းချက်ရမည့်အစီအစဥ် အသေးစိတ်ကို ရေးဆွဲတော့သည်။

သူမ စိတ်ကြိုက် ချရေးပြီးသည့်အချိန်၌ အိပ်ခန်းတံခါးကို Qin ZiYi လာခေါက်တော့သည်။

"AnAn ၊ ငါတို့ကမ်းခြေဘက်ကို လမ်းထွက်လျှောက်ကြည့်ကြရအောင်။"

Qin ZiYi မှာ ယခုတစ်ကြိမ်တွင် Nie AnAn နှင့်တစ်ဖွဲ့တည်းအတူတူဖြစ်ကာ AnAn ၏ဟင်းချက်လက်ရာကို တစ်ပတ်လုံး ဝဝလင်လင် စားခွင့်ရတော့မည်ဖြစ်၍ လူတစ်ကိုယ်လုံး ပျော်ရွှင်တက်ကြွနေလေတော့သည်။

သူမတို့နှစ်ယောက် တည်းခိုခန်းအပြင်သို့ ထွက်လာကြရင်း ကမ်းခြေသို့ရောက်သည့်အခါ Qin ZiYi မှ

"နင်နဲ့ အစ်ကို Yan Xiao တို့က ဒီရှိုးပြီးလို့ သုံးရက်ကြာရင် စေ့စပ်ပွဲလုပ်ကြတော့မယ်လို့ ငါကြားလိုက်တယ်။ ဒါဆို နင်က အစ်ကို Yan Xiao နဲ့ တကယ်ကြီးလက်ထပ်တော့မှာပေါ့၊ ဟုတ်လား။"

"အင်း"

အကျယ်ချဲ့ရှင်းပြမနေတော့ဘဲ Nie AnAn ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေမဲ့ နင် တကယ်လက်ထပ်ချင်တဲ့သူက အစ်ကို Zi Ming ပဲဖြစ်မယ်လို့ တစ်ချိန်လုံး ငါထင်နေခဲ့တာ။"

ဟု ပြောရင်း သူမ အား Qin ZiYi မျက်စိတစ်ဖက် လှမ်းမှိတ်ပြလိုက်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now