အခန်း (၁၂၉) - The End

13K 1K 37
                                    

Unicode

နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်နေခဲ့သည့် Nie ChengFeng အားကြည့်ကာ သူမ မျက်ဝန်းမှ မျက်ရည်များက အဆက်မပြတ်လိမ့်ဆင်းလာသည်။ ငိုနေသည့်ကြားမှ

"အစ်ကို ChengFeng ၊ ကျွန်မ ဘဝမှာ အားလုံး ဆုံးရှုံးသွားပြီလို့ ခံစားရတယ်...

ကျွန်မ ဘာဆက်လုပ်သင့်လဲ။

ကျွန်မမှာ ခင်တွယ်ရမဲ့ အမေရော၊ အစ်ကိုရော မရှိတော့ဘူး...

အစ်ကို ChengFeng..."

သူ့ရှေ့တွင် ငိုနေသည့်မိန်းကလေးအားကြည့်ရင်း Nie ChengFeng တဖြည်းဖြည်းစိတ်ရှုပ်လာသဖြင့် လှမ်းငေါက်လိုက်တော့သည်။

"မင်းဒီနေရာမှာ ဆက်ငိုနေဦးမယ်ဆိုရင် အပြင်ကိုမောင်းထုတ်ပစ်မယ်!"

"ဒါပေမဲ့ အစ်ကို ChengFeng..."

သူမ ဆက်ပြောလိုသည့်စကားများက ရုတ်တရက်ခံစားလိုက်ရသည့် သူ့နှုတ်ခမ်း၏ အထိအတွေ့ကြောင့် ချက်ချင်းဆိုသလို ရပ်သွားတော့သည်။

ယနေ့ည Nie ChengFeng သောက်ထားသည်မှာ သူပုံမှန်သောက်နိုင်နှုန်းထက် များနေပြီဖြစ်သည်။ တောင်လောင်နေသည့် ရမက်မီးကို ပထမတစ်ကြိမ် ငြင်းပယ်နိုင်ခဲ့ရုံနှင့် ဒုတိယအကြိမ်တွင်လည်း ရှောင်လွှဲနိုင်လိမ့်မည်ဟု မဆိုလိုပေ။

နောက်တစ်နေ့မနက်၌ နှစ်ယောက်သား အိပ်ရာမှနိုးချိန်ရောက်သည့်အခါ အရာအားလုံးက နောက်ကျသွားခဲ့ပြီဖြစ်သည်။ ပြန်လည်ဖာထေး၍ မရနိုင်တော့သည့် မြစ်တစ်ဖက်ကမ်း၊ စာမျက်နှာတစ်ဖက်သို့ ရောက်သွားကြပြီဖြစ်သည်။

တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံဖြစ်ကြသည့်အခါ Qin Ziyi မျက်လုံးများ ရဲခနဲဖြစ်သွားသည်။ Nie ChengFeng ကို လုံးဝဆက်မကြည့်ရဲတော့သဖြင့် စောင်ကို ခပ်တင်းတင်းဆုပ်ရင်း

"မနေ့ညက ဘာမှမဖြစ်ခဲ့ဘူးလို့ သတ်မှတ်ပေးလို့ရမလား။"

ဟုပြောလာသည့် သူမ အသံလေးက တိုးလျညင်သာနေသည်။

အိပ်ရာပေါ်၍ စွန်းထင်းနေသည့် အနီကွက်ကိုတွေ့သည့်အခါ သူ့ရင်ထဲ၌ ဘာခံစားမိသည်ကိုပင် Nie ChengFeng မတွေးတက်တော့ပေ။ သူမ စကားကြားသည့်အခါ အသက်မပါသည့် ရယ်သံတစ်ချက်နှင့်အတူ

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now