အခန်း (၇၈)

8.9K 1.2K 198
                                    

Unicode

ယခုဖြစ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ Qin Hai စိတ်ထဲတွင် အကြံတစ်ခု တွေးမိသွားသည်။

သားဖြစ်သူ Qin ZiMing ၏ ချစ်သူ Li ManGe ကို သူ ဘယ်တုန်းကမှ သဘောမကျခဲ့ပေ။ သူမ ကဲ့သို့ နာမည်မရှိ၊ တက်သစ်စ မင်းသမီးငယ်တစ်ယောက်တွင် လက်ခံနိုင်စရာဟူ၍ အနည်းငယ်ကြည့်ကောင်းသည့် ရုပ်ရည်တစ်ခုသာ ရှိသည်။

ထိုအချက်မှလွဲ၍ သူမ၏နောက်ခံအသိုင်းအဝိုင်း၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာတို့က ဘာဆိုဘာမှ ချပြစရာမရှိ။ သူမအနေဖြင့် Qin ZiMing ၏ရှေ့ရေးအနာဂတ်တွင် မည်သည့်အထောက်အပံ့မှ ပေးနိုင်မည့်ပုံမပေါ်ပေ။

ထို့ပြင် သူမကဲ့သို့ ဘာအရည်အချင်း၊ ကောင်းသတင်းမှမရှိသည့် မိန်းကလေးတစ်ယောက်ကို Qin မိသားစုဝင်အဖြစ် လက်ခံလိုက်ပါက ကိုယ့်မျက်နှာကိုယ် အိုးမဲသုတ်သည်နှင့် အတူတူပင်ဖြစ်၍ Qin ZiMing နှင့် သူမ အား ဘယ်တော့မှသဘောတူမည်မဟုတ်။

---------

Qin Hai ပြောလိုက်သည့် စကားကြောင့် ပရိသတ်အာရုံက Nie AnAn ထံရောက်သွားတော့သည်။

အားလုံးကြည့်နေကြသောကြောင့် နေရခက်သွားကာ သူမ လက်နှစ်ဖက်က ဂါဝန်စကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတော့သည်။

Nie ပါးပါးကိုယ်တိုင်လည်း Qin Hai ၏အပြုအမူကြောင့် စိတ်တိုသွားသည်။

Qin ZiMing နှင့် Li MenGe တို့တွဲနေသည်ကို သူတို့အသိုင်းအဝိုင်းမှ လူများအားလုံးသိထားကြကာ Qin ZiMing အနေဖြင့် Nie AnAn အား ဘယ်နည်းနှင့်မျှ လက်ခံမည်မဟုတ်ပေ။

အကယ်၍ လက်ထပ်ဖြစ်ခဲ့ပါကလည်း သမီးဖြစ်သူမှာ အချစ်ခံရမည်မဟုတ်ဘဲ ခင်ပွန်းသည်၏ မလိုမုန်းတီးမှုကိုသာ ခံရမည်ဖြစ်သည်။ ထိုအရာများကို စဉ်းစားမိသည့် Nie ပါးပါးမှာ သည်းမခံနိုင်တော့ဘဲ စကားထပြောရန်ပြင်လိုက်သည်။

ထိုအချိန်၌ Nie AnAn တစ်ယောက် နောက်ပြန်လှည့်၍ သူမအနားတွင် ရှိနေသည့် Qin Hai အားကြည့်ကာ

"အန်ကယ် Qin၊ ဒီထိမ်းမြားမင်္ဂလာကတိ လုပ်ခဲ့တုန်းက ချမှတ်ထားခဲ့တဲ့ သဘောတူညီချက်တွေကို ပြောပြပေးလို့ရမလား။ ကျွန်မက Nie မိသားစုကို ပြန်ရောက်လာတာ သိပ်မကြာသေးတော့ ဖေဖေနဲ့မေမေဆီက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတစ်ခွန်းမှ မကြားဖူးသေးလို့ပါ။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now