အခန်း (၅၀)

9.7K 1.2K 14
                                    

Unicode

တစ်ယောက်နှင့်တစ်ယောက် နီးနီးကပ်ကပ် ဘေးချင်းယှဉ်ကာ လျှောက်လာကြသည့် နှစ်ယောက်ကိုကြည့်ရင်း Huo YanXiao မျက်မှောင်ကြုတ်လိုက်သည်။

Nie AnAn မှာမူ အပြင်၌ လွယ်လွယ်ကူကူမရနိုင်သည့်  ရှားပါးဟင်းခတ်အမွှေးအကြိုင်အချို့ကို စျေးထဲ၌ဝယ်ယူနိုင်ခဲ့သောကြောင့် ပျော်ရွှင်နေသဖြင့် ဘေးပတ်ဝန်းကျင်ကို သတိမပြုမိပေ။

Huo YanXiao အနားသို့ရောက်ရန် ၅မီတာခန့် လိုသည့်အခါမှသာ သူတို့နှစ်ယောက်ကို ရပ်စောင့်နေသည့် သူ့ကို တွေ့ကြတော့သည်။

"ကိုကြီး"

သူမ မျက်နှာတစ်ခုလုံး ဝင်းလက်တောက်ပသွားကာ သူရှိရာသို့ ချက်ချင်း ပြေးသွားတော့သည်။

မျက်မှောင်ကြုတ်ထားသည့် Huo YanXiao မှာ သူ့ရှေ့သို့ ပြေးလာနေသည့် မိန်းကလေးငယ်ကို မြင်လိုက်ရချိန်၌ စိတ်အလိုမကျဖြစ်နေသည်များအားလုံး ချက်ချင်းပျောက်သွားတော့သည်။

ပြေးလာရသည့်အတွက် သူမနဖူးပေါ်တွင် ချွေးများစို့နေသည်ကို မြင်ရသောအခါ အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။

"ပစ္စည်း သွားဝယ်တာလား။"

"ဟုတ်"

ဟုဖြေရင်း နောက်ပြန်လှည့်ကာ Ji YunChuan အား အနားသို့လာရန်အချက်ပြလိုက်သည်။

"ကိုကြီး၊ သူက Ji YunChuan ၊ ဒီရှိုးမှာ အသစ်ခေါ်ထားတဲ့ တည်းခိုခန်း'A' ရဲ့ အာဟာရဗေဒပညာရှင်ပါ။
YunChuan ဒါက ကျွန်မရဲ့အစ်ကို ၊ Huo YanXiao ။"

ဟုဆိုကာ သူတို့နှစ်ယောက်အား မိတ်ဆက်ပေးလေသည်။

Ji YunChuan တစ်ယောက် Huo YanXiao နှင့် လက်ဆွဲနှုတ်ဆက်ရန်ပြင်လိုက်သော်လည်း လက်နှစ်ဖက်စလုံး၌ ပစ္စည်းအပြည့်သယ်ထားသဖြင့် ပြုံးပြရုံသာ တတ်နိုင်တော့သည်။ ထို့ကြောင့်

"တွေ့ရတာ ဝမ်းသာပါတယ်၊ အစ်ကို Huo ။"

Huo YanXiao ၏မျက်နှာက အသက်မပါစွာပြုံးပြရင်း ခေါင်းညိတ်ပြလိုက်သည်။

Ji YunChuan မှာ ဟက်ဟက်ပက်ပက်မရှိလှသည့် Huo YanXiao ၏ဆက်ဆံရေးကို မသိကျိုးကျွံပြုကာ မေးခွန်းများဆက်မေးလေတော့သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now