အခန်း (၁၁၀)

6.7K 698 3
                                    

Unicode

အင်တာနက်ပေါ်မှ Huo YanXiao ၏ ပရိတ်သတ်များနှင့် Huo YanXiao - Nie AnAn တို့စုံတွဲအား အားပေးခဲ့ကြသူတို့မှာ Nie AnAn အား ဒေါသထွက်နေကြပြီ ဖြစ်သည်။

ယခုကဲ့သို့ ဖြစ်လာရသည့် ကိစ္စများ၏ အဓိကတရားခံမှာ Nie AnAn ကိုယ်တိုင်ပင်ဖြစ်သည်။ ထို့ပြင် စိတ်တိုနေကြသည့် လူအုပ်ကြီးမှာ နောင်လာမည့် "ရွှေအင်းလေး" ရှိုး၏ အပိုင်းသစ်များတွင် Nie AnAn အား ပါ၀င်စေခြင်းမပြုတော့ရန် ထုတ်လုပ်ရေးအဖွဲ့အား ဖိအားပေး တောင်းဆိုလာသည်။

သူမ ၏ ဟင်းချက်လက်ရာများ ကောင်းမွန်နေရခြင်းမှာလည်း ဆေးခတ်ထားခြင်းကြောင့်သာ ဖြစ်ရမည်ဟူ၍ပင် ထင်ကြေးပေးလာကြသည်။

ထိုအချိန်၌ ရုံခန်းထဲတွင်ထိုင်နေသည့် Nie ChengFeng မှာ အင်တာနက်ပေါ်မှ ကွန်မန့်များကို ဖတ်ရင်း မျက်နှာက တဖြည်းဖြည်း သုန်မှုန်လာတော့သည်။

အင်တာနက်ပေါ်မှ သတင်းများက စိတ်ညစ်စရာများကိုသာ ဖြစ်လာစေနိုင်သဖြင့် ညီမဖြစ်သူအား ဖုန်းမကြည့်ရန် သူ မှာထားခဲ့သော်လည်း နားထောင်မည်မဟုတ်သည်ကို သူကောင်းကောင်းသိသည်။

ထို့ကြောင့် အချိန်ဆွဲမနေတော့ဘဲ ကားသော့ယူကာ ရုံးခန်းထဲမှ ထွက်သွားသည်။ ယနေ့အတွက် လုပ်ရန်ကျန်သေးသည့် ကိစ္စများနှင့် အစည်းအဝေးပွဲများကို ဖျက်သိမ်းရန် သူ၏အတွင်းရေးမှူးအား မှာကြားပြီးသည့်အခါ အိမ်သို့ကားမောင်း သွားတော့သည်။

-----

Nie အိမ်တော်၌မူ Nie AnAn မှာ လက်ထဲ၌ဖုန်းကိုင်လျက်သားဖြင့် ဆိုဖာပေါ်၌ထိုင်နေသည်၊၊ အင်တာပေါ်မှ တွေ့မြင်ရသည့် သတင်းများကြောင့် သူမ အထူးတလည် မခံစားမိ။

သို့သော်လည်း Huo YanXiao ထံမှ စာမလာ၊ သတင်းမကြားသည်မှာ အတော်ပင် ကြာနေပြီဖြစ်၍ သူမ ရင်ထဲ၌ စိုးရိမ်စိတ်များက တဖြည်းဖြည်းကြီးထွားလာသည်။

ရင်ထဲမှ သံသယစိတ်များ အားကောင်းလာပြီး ထိုအကြောင်းများအား မေ့ဖျောက်ထားလိုက်ရန်မှာ ပို၍ ခက်ခဲလာတော့သည်။

ထိုအချိန်၌ အိမ်ရှေ့တံခါးမှ လူခေါ်ခေါင်းလောင်းသံမြည်လာသဖြင့် တံခါးဖွင့်လိုက်သည့်အခါ အရှေ့၌ ရပ်နေသည့် Nie ChengFeng ကို တွေ့လိုက်ရသည်။ Nie ChengFeng မှာ သူမ အား လက်ဝှေ့ယမ်းပြလိုက်ပြီး

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now