အခန်း (၂၇)

10.9K 1.4K 3
                                    

Unicode

မကြာမီအချိန်၌ ဗီဒီယိုထဲမှ အခြားသူတစ်ယောက်၏ အသံထွက်ပေါ်လာကာ

"Nie AnAn ကိုယ်တိုင်တာလုပ်ထားတဲ့ ဒီအစားအသောက် အပြင်အဆင်တွေက တကယ့်ကို ပရို ကျတယ်။ ငါတော့ မြင်ရုံနဲ့တင် စားလို့ကောင်းမယ်ဆိုတာ ရဲရဲကြီးအာမခံတယ်။"

"မနက်က AnAn လုပ်ပေးခဲ့တဲ့ ပေါက်စီတစ်ခုနဲ့တင် သူ့လက်ရာကိုကြွေသွားတာ။ အခုလည်း ထပ်ပြီးတော့ လက်စွမ်းပြနေလိုက်တာကွာ... ငါတောင်သူ့ကို ချက်ချင်းလက်ထပ်ချင်စိတ်ပေါက်လာပြီ။"

"နည်းနည်းလောက် သည်းခံကြပါဦးနော်။ ဒီအစားအသောက်တွေက တည်းခိုခန်းကိုလာမယ့်ဧည့်သည်တွေအတွက် ပြင်ဆင်ထားတာဖြစ်လို့ ရှင်တို့လက်ဖျားလေးနဲ့တောင်ထိဖို့ စိတ်မကူးပါနဲ့။ ဧည့်သည်တွေက မကြာခင်ဆို ရောက်လာကြတော့မှာ။ ပြီးတော့ လှုပ်ရှားမှုတွေအားလုံးကို တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေတယ်ဆိုတာ မမေ့ကြနဲ့ဦး။"

"ဪ... ငါတို့ဘဝကလည်း မြင်သာမြင်၊ မကြင်ရတဲ့ဘဝဆိုတော့ တော်တော်သနားစရာ ကောင်းလိုက်တာ။ မဖြစ်ဘူး မဖြစ်ဘူး၊ ဒီနေရာကနေ မြန်မြန်သွားမှဖြစ်မယ်။ တော်ကြာ ဘာတွေလုပ်မိမလဲဆိုတာ ငါ့ကိုယ်ငါ အာမ မခံနိုင်ဘူး!"

"မင်းကလည်းကွာ... ဒီလောက်ကြီးဖြစ်နေစရာမလိုပါဘူး။ ငါတို့အတွက်  နေ့လည်စာကို ဟိုဖက်မှာပြင်နေပါတယ်ကွာ။ အခုနကတည်းက AnAn ပြင်ဆင်နေတာဆိုတော့ အခုလောက်ဆို ပြီးတော့မှာပါ။"

"ဟဲဟဲ... ကောင်းပြီလေ။ ဒီလိုဆိုတော့လည်း အချိန်နည်းနည်းလောက် သည်းခံပြီးထပ်စောင့်ရတာပေါ့။ ပြောရင်းဆိုရင်းနဲ့တောင် သွားရည်ကျလာပြီ။"

ထိုအချိန်၌ ဖုန်းကိုင်ထားသည့်အမျိုးသမီးမှ ကွန်မန့်များကိုဖတ်ရှုရန်  ခလုပ်နှိပ်လိုက်သဖြင့် ဗီဒီယိုပျောက်သွားကာ ဖုန်းမျက်နှာပြင်တစ်ခုလုံးတွင် ကွန်မန့်စာကြောင်းများကိုသာ တွေ့ရတော့သည်။

ပရိသတ်များ ကွန့်မန့်ပေးထားသည်မှာ

"Miss AnAn ရဲ့ ရုပ်ကို သေသေချာချာရိုက်ပြတာလေး မြင်ချင်လိုက်တာ။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now