အခန်း (၁၂၅)

8.5K 936 25
                                    

Unicode

လက်ထပ်ပြီးသည့်အခါ သူမ ဘဝကြီးက သီချင်းတစ်ပုဒ်ထဲမှ စာသားတစ်ကြောင်းနှင့် တူနေသည်ဟု Nie AnAn ခံစားမိတော့သည်။

"ငါ့ရဲ့ လက်ကျန်ဘဝကြီးက
အစာမစားခင် အဆာပြေမုန့်၊
အစာစားပြီး အချိုပွဲ၊
ညအလယ်မှာ စားရတဲ့မုန့်ကလေးပါ။"

Huo YanXiao နှင့် လက်ထပ်ပြီး တစ်နှစ်ကြာသည့်အခါ Nie AnAn ကိုယ်ဝန်ရှိလာသည်။ အမှန်တိုင်းပြောရလျှင် Huo YanXiao အနေနှင့် စောစောစီးစီးကလေးယူရန် စိတ်ကူးမရှိသေးပေ။

သူ၏ အသက်မှာ ၂၇ နှစ်ဖြစ်၍ Nie AnAn ကိုယ်တိုင်လည်း ၂၁ သာရှိသေးသည်။ နှစ်ယောက်လုံး ငယ်ရွယ်နေသေးသည်ဖြစ်၍ အစောပိုင်းနှစ်များကို သူတို့နှစ်ယောက်အတွက် သီးသန့်ကမ္ဘာလေးတစ်ခု တည်ဆောက်ရင်းဖြစ်သာ ကုန်ဆုံးသွားချင်သည်။

သို့သော် "ရက်တွက်သည့်နည်း"မှာ ရာနှုန်းပြည့် စိတ်ချယုံကြည်ရသည့် နည်းမဟုတ်ပေ။ သူမ ကိုယ်ဝန်ရှိသည်ကို သိသွားသည့်အခါ Nie AnAn လုံးဝ ပျာယာခတ်သွားသည်။

သူမ ၏ အသက်အမှန်မှာ ၁၉ နှစ်သာရှိသေးသည့်အပြင် Huo YanXiao ကိုယ်တိုင်ကလည်း အလိုလိုက်ထားရာ သူမ ကိုယ်တိုင်က ကလေးတစ်ယောက်လိုပင် ဖြစ်နေသေးသည်။

သို့သော်လည်း မကြာခင်မှာပင် ကိုယ်ဝန်လွယ်ထားသည့် ကောင်းကွက်ကို Nie AnAn တွေ့သွားတော့သည်။ ထိုအချိန်မှစ၍ Huo YanXiao မှာ သူ၏ အချိုပွဲနှင့် အဆာပြေမုန့်များကို စွန့်လွှတ်လိုက်ရတော့သည်။

ယခုကဲ့သို့ အားလပ်ချိန်ရသွားသည့်အခါ သူမ အပျော်ကြီး ပျော်သွားသည်။ ထို့ပြင် မပေါ်တပေါ် အဝတ်စားလေးများကို တမင်တကာဝတ်ကာ Huo YanXiao ရှေ့တွင် ညတိုင်း ဖြတ်လျှောက်သွားပြသည်။ သူမ ၏ မျက်နှာနှင့် အမူအရာများက

'ကိုကြီး ညီမလေးကို အခုလို မြင်နေရပေမဲ့ ဘာမှ မလုပ်နိုင်ဘဲ ထိုင်ကြည့်နေရတာကိုတွေ့ရတော့ အရမ်းပျော်တာပဲ။'

ဟူ၍ အဓိပ္ပာယ်ရနေသည်။

ထိုနေ့က Huo YanXiao ၏ ရှပ်အင်္ကျီရှည်လေးကိုဝတ်ပြီး စာကြည့်ခန်းထဲသို့ နို့ပူပူနွေးနွေး တစ်ခွက်သွားချပေးဖြစ်သည်။ အခန်းထဲသို့ ဝင်လိုက်ထွက်လိုက်လုပ်ရင်း ငါးကြိမ်မြောက်ရောက်သည့်အခါ သူ့အား လှမ်းခေါ်သံကို ကြားလိုက်ရသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now