အခန်း (၁၁၄)

6.9K 747 12
                                    

Unicode

ထိုသို့ အားလုံးက ဆွေးနွေးနေကြချိန်တွင် Qin ZiMing မှာ အချိန်အတော်ကြာအောင် မျိုသိပ်ထားခဲ့သည့် သူ၏ရင်ထဲမှ ပေါက်ကွဲသံစဉ်များကို ဖွင့်အံထုတ်ချလိုက်ရသဖြင့် နေသာထိုင်သာရှိသွားသည်။

သူ့ကိုယ်ပေါ်၌ လေးလံအောင်ဖိချထားသည့် ဝန်ထုပ်ကြီးက ထိုခဏချင်းတွင် ပေါ့သွားကာ လူကလည်း အသက်ရှုချောင်သွားသည်။

Qin ကတော်ကမူ တံခါးအနား၌ရပ်နေသည်။ Huo YanXiao ရှိနေသည့်အခန်းမှာ အထူးကြပ်မတ်ကုသဆောင်မှ သီးသန့်အခန်းဖြစ်နေ၍ တံခါးထူသည်။

အခန်းလည်းလုံသဖြင့် အထဲ၌ ပြောနေသည့်စကားများကို အပြင်၌စောင့်နေသည့် Qin Hai မကြားနိုင်သော်လည်း ရုတ်တရက်ဝင်လာမည်စိုး၍ အခန်းတံခါးဝ၌ အသင့်စောင့်နေခြင်းဖြစ်သည်။

အိပ်ရာပေါ်မှ Huo YanXiao ၏ ကြိုးစားရုန်းကန်နေမှုများက အချည်းနှီးပင်ဖြစ်သည်။ လူတစ်ကိုယ်လုံး အားမရှိဘဲနုံးချည့်နေပြီး ခြေလက်များက ပျော့ခွေနေကာ လုံးဝ လှုပ်ရှား၍မရ။

မကြာခင်မှာပင် မော်နီတာပေါ်၌ သူ၏နှလုံးခုန်နှုန်းကိုဖော်ပြနေသည့် မျဉ်းမှာ တစ်ဖြောင့်တည်းဖြစ်သွားတော့သည်။

အခန်းထဲမှ Qin ကတော်၏ မျက်လုံးမှာ ချက်ချင်းအရောင်လက်သွားပြီး Qin ZiMing နှင့်အတူ အကြည့်ချင်းဖလှယ်လိုက်ကြချိန်၌ နှစ်ယောက်လုံး အားရဝမ်းသာနေကြောင်းကို သူတို့၏မျက်ဝန်းများက ဖော်ပြနေသည်။

Qin သားအမိနှစ်ယောက်လုံးမှာ အကယ်ဒမီဆုရသင့်သည့် မဟာသရုပ်ဆောင် ပညာရှင်ကြီးများပင် ဖြစ်သည်။ စက္ကန့်အပိုင်းတွင်းတွင် စောစောက အားရဝမ်းသာနေသည့် မျက်ဝန်းများက ကြေကွဲဝမ်းနည်း ယူကျုံးမရဖြစ်နေပုံသို့ ချက်ချင်းပြောင်းလဲသွားပြန်သည်။

"အစ်ကို၊ ဘာဖြစ်တာလဲ။"

Qin ZiMing မျက်ဝန်းများ နီရဲလာသည်။ ဆက်တွဲရန်မဖြစ်နိုင်တော့သဖြင့် ခွာပြဲရန်လုပ်နေရသည့် ချစ်သူ Li ManGe ထက်ပင် သူ၏ သရုပ်ဆောင်နိုင်စွမ်းက ဆရာကျသည်။

ချစ်မြတ်နိုးရသည့် လူတစ်ယောက်ကို လက်လွတ်ဆုံးရှုံးလိုက်ရသူ တစ်ယောက်ပမာ သူ၏ အသက်ရှုသံများက ပုံမှန်မဟုတ်တော့ဘဲ ကမောက်ကမဖြစ်သွားပုံပေါက်နေသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now