အခန်း (၇)

11.3K 1.4K 2
                                    

Unicode

Nie AnAn သည် အစားအသောက်နှင့် ပတ်သတ်လာလျှင် သန့်ရှင်းမှုကို အလွန်ဂရုစိုက်သူ ဖြစ်သည်။ ထို့ကြောင့် အစားအသောက်များကို ဆိုင်မှ ဝယ်စားခြင်း မရှိသည့်အပြင် ကိုယ်တိုင်သာ ပြင်ဆင်ချက်ပြုတ်လေ့ရှိသည်။

သို့သော်လည်း သူမ၏ အချက်အပြုတ်စွမ်းရည် မည်မျှပင် ကောင်းနေစေကာမူ ဟင်းချက်ပစ္စည်းများ မရှိပါက ဘာမှမထူးပေ။ ထို့ကြောင့် အခန်းထဲမှ ကားသော့ပြန်ယူကာ ပစ္စည်းအချို့ဝယ်ရန် ထွက်လာခဲ့တော့သည်။

မူလဇာတ်ကောင်ဖြစ်သည့် Nie AnAn မှာ မတော်တဆမှုတစ်ခု ကြုံခဲ့ရဖူးသည်။ ထိုအချိန်မှစ၍ သူမကိုယ်တိုင်ကားမမောင်းတော့ဘဲ Cucumber ကသာ မောင်းပို့ပေးရသည်။ သို့သော်လည်း ယခုကဲ့သို့ ညဉ့်နက်နေချိန်တွင် ကိုယ့်ဘာသာကို ကားမောင်းရန်သာ ဆုံးဖြတ်လိုက်သည်။

အိမ်မှ ထွက်လာပြီးနောက် ၅မိနစ်ခန့်အကြာတွင် မျက်နှာချင်းဆိုင်မှ မာစီးဒီးအနက်တစ်စီး ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။

ညဉ့်နက်နေချိန်၌ တစ်ယောက်တည်း ကားမောင်းထွက်သွားသော သူမ ကို တွေ့လိုက်ရသဖြင့် ထို မာစီးဒီးကားပေါ်မှ Huo YanXiao တစ်ယောက် အံ့ဩသွားသည်။

သို့သော်လည်း GPSထဲမှ အနီးဆုံးစတိုးဆိုင်ရှိရာသို့ရောက်ရန်သာ စိတ်စောနေသည့် Nie AnAn တစ်ယောက်ကမူ ဘာကိုမှ သတိမထားမိပါ။ ကုန်စုံဆိုင်သို့ရောက်သောအခါ ဆန်၊ ခေါက်ဆွဲ၊ ဟင်းခတ်မှုန့်များ၊ အသီးအရွက်သားငါးများနှင့် ဟင်းချက်အိုးများ ဝယ်လိုက်သဖြင့် အထုတ်ကြီး သုံးထုပ်ဖြစ်သွားသည်။

ထို့နောက် ကားပါကင်ရှိရာသို့ စျေးဝယ်လှည်းဖြင့် ပစ္စည်းများသယ်လာရင်း

' ငါ ဒီအထုပ်တွေကို ကားပေါ်ရောက်အောင် မ,နိုင်ပါ့မလား၊'ဟု တွေးမိသည်။ သို့သော်လည်း ထိုအိတ်များကို မ,ကြည့်သည့်အခါ အသာကလေး မ,နိုင်သဖြင့် သူမကိုယ်သူမ ဆွံ့အသွားရသည်။

'အိုး... ဟုတ်သားပဲ။ Nie AnAn ရဲ့ စွမ်းအားက သန်မာမှုပဲလေ။' ထို့နောက် ပစ္စည်းအားလုံးကို ကားနောက်ခန်းထဲသို့ထည့်ကာ မောင်းလာခဲ့တော့သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now