အခန်း(၁)

18.4K 1.5K 7
                                    

Unicode

ဝတ္ထုအမည် - ဗီလိန်ရဲ့ ညီမ

မြန်မာဘာသာပြန်သူ - EWE

ညစာကြည့်စားပွဲပေါ်မှ ဖုန်းမြည်သံ ထွက်လို့လာသည်။ Nie AnAn ဖုန်းကိုလှမ်းယူရင်း ပို့လာသည့် မက်ဆေ့ချ်ကို ကြည့်လိုက်သည်။

“မမလေး၊ ဒီည ၈နာရီမှာ စီးပွားရေးနဲ့ပတ်သတ်တဲ့ ဆွေးနွေးပွဲတစ်ခုကြောင့် 'မြိုင်'ကလပ်မှာ Qin ZiMing ရှိမယ်လို့ သတင်းရထားပါတယ်။ မမလေး သူ့ကို တွေ့ချင်တယ်ဆိုရင် အခုကတည်းက စပြီး ပြင်ဆင်ထားဖို့ သင့်ပါပြီ။ ”

မက်ဆေချ့်ပို့သူ - Cucumber

'ဘာတွေပြောနေတာလဲ။'

Nie AnAn ခေါင်းကုပ်ကာ ဖြည်းဖြည်းချင်း ထ,ထိုင်လိုက်သည်။

သို့သော် သူမ ဘေးပတ်ဝန်းကျင်ကို ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရချိန်တွင် လုံးဝအံ့သြသွားရလေသည်။

'ငါက ပြိုင်ပွဲသွားပြိုင်ဖို့ လေယာဉ်စီးမယ်ဆိုပြီး လေယာဉ်ကွင်းကိုထွက်လာတာလေ။ အခု လေယာဉ်ပေါ်မှာ ရောက်နေရမှာပေါ့။ ဘာလို့ ဒီနေရာမှာ ရောက်နေတာလဲ။"

"အိုး... "

ထိုခရီးစဉ်အတွင်း မတော်တဆမှုဖြစ်မှုကြောင့် လေယာဉ် အရှေ့အနောက် ပြင်းပြင်းထန်ထန် လှုပ်ခါလာပြီးနောက်တွင် အောက်စီဂျင်မျက်နှာဖုံးများ လေယာဉ်အမိုးပေါ်မှကျလာသည်ကို ပြန်အမှတ်ရလာခဲ့သည်။  စိုးရိမ်ကြောက်ရွံ့ထိတ်လန့်မှုများနှင့်အတူ ပရမ်းပတာအခြေအနေများက လေယာဉ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ 

ထို့နောက် ဘာဆက်ဖြစ်ခဲ့သနည်း။

စည်းချက်မှန်မှန် ခုန်နေသော Nie AnAn ၏နှလုံးတစ်ချခုန်သံနှင့်အတူ သူမ၏ ထုံထိုင်းလေးလံနေသည့်စိတ်များ တခဏချင်း ပျောက်ကွယ်သွားသည်။ အိပ်ရာပေါ်မှ အလျှင်အမြန်ထကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်၌ အခန်းထဲတွင် သူမတစ်ယောက်တည်းသာ ရှိနေသည်ကို သတိပြုမိသည်။ ထို့နောက် ဖုန်းကို ကောက်ယူလိုက်လေသည်။

ထင်ထားသည့်အတိုင်းပင် သူမလက်ဗွေရာနှိပ်လိုက်သည့်အခါ ဖုန်းဖွင့်၍ သွားသည်။ ဖုန်းတစ်ခုလုံးကို မွှေနှောက်ပြီးသည့်နောက်တွင် သိလိုက်ရသည်မှာ- ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ထဲသို သူမကိုယ်တိုင် ရောက်ရှိသွားခြင်းဖြစ်သည် ဟူသည့် အချက်ပင်ဖြစ်သည်။ ယခင်က သူမဖတ်ခဲ့ဖူးသည့် “  စီအီးအိုရဲ့ ချစ်ဇနီး” ဟူသော ဝတ္ထုထဲမှ 'ဗီလိန်ဖြစ်သူ၏မွေးစားညီမ' ဇာတ်ကောင်မှာ ယခု သူကိုယ်တိုင် ဖြစ်နေသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now