အခန်း (၉၀)

8.7K 1K 19
                                    

Unicode

Nie AnAn မှာ ရုတ်တရက် ပေါက်ကွဲထွက်လာသည့် သူမ၏ဒေါသများကြောင့် Qin ZiMing အား ထိုးလိုက်ခြင်းဖြစ်သော်လည်း သူမ တစ်ကိုယ်လုံးက လူတစ်ယောက်အား ရိုက်နှက်လိုက်ရသည့်အတွက် စိတ်ပေါ့ပါးလန်းဆန်းသွားတော့သည်။

ထိုအချိန်၌ Nie AnAn မှာ သူမ ပထမဆုံးအကြိမ် ဟင်း စချက်စဉ်အချိန်က ခံစားခဲ့ရသကဲ့သို့ပင် လူတစ်ကိုယ်လုံး ကြည်နူးပျော်ရွှင်နေသည်။ ထို့ပြင် သူမ၏ကိုယ်ခန္ဓာက တိုက်ခိုက်ရန်အတွက် သဘာဝကပေးထားသည့် အကောင်းဆုံးလက်ဆောင်ဖြစ်ကြောင်းကိုလည်း နားလည်သွားရသည်။

ထို့ကြောင့် သူမ ဆီသို့ တဟုန်ထိုးပြေးဝင်လာသည့် Qin ZiMing အား သူမ ခြေ၊ လက်များသုံးကာ အကာအကွယ်ယူလိုက်သည်။ သေးသေးသွယ်သွယ်ကလေး ဖြစ်နေသည့် သူမ၏အရပ်က Qin ZiMing ထက် မရှည်သော်လည်း ထိုအရာက သူမ၏ခွန်အားနှင့် ရန်လိုစိတ်တို့ကို ဟန့်တားနိုင်စွမ်းမရှိပေ။

ချက်ချင်းပင် Qin ZiMing အား သူမ ပခုံးမှ မြေကြီးပေါ်သို့ ပစ်ပေါက်ချပြီးသည့်အခါ မြေပြင်ပေါ်၌ မှောက်ခုံလဲနေပြီဖြစ်သည့် သူ၏ကျောကုန်းအပေါ်၌ သူမ ခြေထောက်ဖြင့် ဖိချထားလိုက်တော့သည်။ ဤကဲ့သို့ စိတ်လှုပ်ရှားစရာကောင်းသည့် အဖြစ်အပျက်ကြောင့် လူတစ်ကိုယ်လုံး ပျော်ရွှင်မြူးကြွနေသော်လည်း သူမ အောက်မှ Qin ZiMing အား အားကုန်သုံးကာ သတိဖြင့် ဖိထားနေရဆဲပင်ဖြစ်သည်။

အပေါ်မှ တက်နင်းထားခံရသည့် Qin ZiMing မှာ နာလွန်း၍ အသံပင် မထွက်နိုင်တော့။ ထိုအချိန်မှသာ Nie AnAn သည် ဖိုက်တာစက်ရုပ် ဖြစ်သည်ဆိုသည့် သတင်းမှာ ပုံကြီးချဲ့ထားခြင်းမဟုတ်ကြောင်းကို သူ ကောင်းကောင်းနားလည်သွားသည်။

"အခုချက်ချင်း ပြန်တောင်းပန်!"

Nie AnAn ဒေါသတကြီး အော်ပြောပြီးနောက်

"မှားပါတယ်လို့ဝန်ခံလိုက်၊ ဒီလိုမှမဟုတ်ရင် ရှင့်ကို လွှတ်ပေးမယ် ထင်မနေနဲ့!"

ဟူ၍ ဆက်ဖြည့်ပြောလိုက်သည်။

Qin ZiMing အားကုန်သုံး၍ ကုန်းရုန်းထသော်လည်း Nie AnAn ၏အင်အားကို မလွန်ဆန်နိုင်သဖြင့် သူ၏ကြိုးစားမှုတို့က အချည်းနှီးပင် ဖြစ်သွားသည်။ ယခုအချိန်၌ Nie AnAn ၏ ခွန်အားကို အမှန်တကယ် အံ့အားသင့်သွားပြီဖြစ်ကာ တစ်ချိန်ထဲတွင် သူမ အပေါ်၌ရှိနေသည့် သူ၏အမုန်းတရားတို့က ပိုကြီးထွားလာတော့သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now