အခန်း (၈၀)

9.3K 1.2K 108
                                    

Unicode

နားသည့် နေရာသို့ရောက်သောအခါ

Huo YanXiao ရှေ့၌ Nie AnAn ထိုင်နေလေသည်။ နှစ်ယောက်လုံး စကားတစ်ခွန်းမှမဆိုဖြစ်ကြဘဲ အတွေးကိုယ်စီနှင့် နှုတ်ဆိတ်နေကြသည်။

သူမ၏ ရှိရှိသမျှစွမ်းအင်အားလုံးကို စောစောကဖွင့်ပြောချိန်၌ သုံးလိုက်ပြီဖြစ်၍ Huo YanXiao အား မျက်နှာချင်းဆိုင်ကာ စကားပြောရန်ပင် အားမရှိတော့ပေ။

အပြစ်လုပ်ထားသည့် မူလတန်းကလေးတစ်ယောက်ကဲ့သို့ ခေါင်းငုံလျက်သားဖြစ်နေကာ လက်တစ်ဖက်က သူမအရှေ့ရှိ ပန်းကန်ထဲမှ ကိတ်မုန့်ဆီရောက်နေသည်။

အတွေးတခြား၊ လူတခြားဖြစ်နေသဖြင့် ထိုမုန့်ကို ဟိုတစ်ကွက် ဒီတစ်ကွက်ဖြင့် နေရာအနှံ့ထိုးဆွနေမိသော်လည်း ဇီဇာကြောင်တတ်သည့် သူမ ထုံးစံအတိုင်း အပေါက်ရာများက စနစ်တကျကလေး ဖြစ်နေပြန်သည်။

သူမနှင့် မျက်နှာချင်းဆိုင်ထိုင်နေသည့် Huo YanXiao စိတ်ထဲ၌ Nie AnAn အား မေးလိုသည့် မေးခွန်းပေါင်း မြောက်မြားစွာရှိနေသည်။ သို့သော် သူတို့ဘေးနားတွင် အခြားသူများ ရှိနေကြသေးသဖြင့် သိချင်စိတ်များကို မျိုသိပ်ထားလိုက်ရတော့သည်။

Nie AnAn ကိုကြည့်လိုက်သည့်အခါ ငြိမ်ငြိမ်ကုပ်ကုပ်ကလေး ဖြစ်နေသည့် သူမ အသွင်ကလေးကြောင့် ကရုဏာသက်သွားရပြန်သည်။

"AnAn ၊ တစ်ခုခုသောက်မလား။"

ဟု ကြင်နာစွာ မေးလိုက်သည်။

"ဝိုင်နီတစ်ခွက် သောက်ချင်တယ် ကိုကြီး။"

ဟူ၍ သူ့အား မကြည့်ဘဲ ခေါင်းငုံလျက်ပင် သူမ ဘက်မှ ပြန်ဖြေလာသည်။

ယခုသွေးအေးသွားချိန်၌ ယနေ့ညက သူမ၏အပြုအမူများကို ပြန်စဉ်းစားကြည့်သည့်အခါ ရှက်လွန်းသဖြင့် ထိုအဖြစ်အပျက်များကို မေ့နိုင်ရန် မူးအောင်သောက်မည်ဟူ၍သာ စိတ်ကူးမိတော့သည်။

"ကောင်းပြီလေ၊ မင်းသောက်ဖို့ နို့ပူပူလေးတစ်ခွက် ယူလာခဲ့မယ်။"

သူမ စကားကို မကြားချင်ယောင်ဆောင်လိုက်ပြီး ထွက်သွားကာ ခဏအကြာ၌ ပူပူနွေးနွေးကလေး ရှိနေဆဲဖြစ်သည့် နို့တစ်ခွက်နှင့်အတူ သူမ ရှေ့ပြန်ရောက်လာသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now