အခန်း (၃၄)

10.6K 1.4K 16
                                    

Unicode

ထိုအချိန်အတောအတွင်း၌ Nie AnAn မှာ  Huo YanXiao နှင့်အတူ အိမ်သို့သွားနေပြီ ဖြစ်သည်။

အေးစက်နေခဲ့သည့် နှစ်ဦးသားဆက်ဆံရေးက လေဆိပ်၌ သူမဘက်မှ ကူညီပြောပေးသည့်အချိန်မှစ၍ အနည်းငယ်ပြောင်းလဲလာသည်။ သို့သော်လည်း Nie AnAn အနေဖြင့် Huo YanXiao ကို မည်သို့မျက်နှာချင်းဆိုင်ရမည်ကို မသိသဖြင့် အိမ်ရောက်သည်နှင့်ချက်ချင်း သူမ၏ခရီးဆောင်အိတ်များကို အပေါ်ထပ်သို့သယ်သွား၍ အထုပ်ဖြေမည်ဟုသာ စိတ်ကူးထားလိုက်သည်။

အိမ်ရောက်သည့်အခါ ကားထဲမှ သူမ၏လက်ဆွဲသေတ္တာကို ယူရန်ပြင်လိုက်စဉ် Huo YanXiao တစ်ယောက် သူမ၏ခရီးဆောင်အိတ်များကို အသာလေးမ,ယူလိုက်ပြီး အပေါ်ထပ်သို့ အလွယ်တကူသယ်သွားကာ Nie AnAn အခန်းထဲ၌ ထားလိုက်လေသည်။

Nie AnAn သူ့နောက်မှ လိုက်သွားကာ သူမသေတ္တာများအားလုံးကို ကြမ်းပြင်ပေါ်၌ချထားပြီးသည့်အချိန်အထိ စောင့်နေလိုက်သည်။ ထို့နောက်၌ သူမအသံကို တတ်နိုင်သမျှ အချိုသာဆုံးထားလိုက်ကာ

"ကျေးဇူးတင်ပါတယ် ကိုကြီး။"

သူ့ရှေ့တွင်ရပ်ကာ ပြုံးပြနေသည့် သူမကို Huo YanXiao သေသေချာ စိုက်ကြည့်နေမိသည်။ Nie AnAn သည် သူ၏မွေးစားညီမ မဟုတ်ဘဲ အခြားသူတစ်ယောက်သာဖြစ်ကြောင်းကို သူသိပြီးသည့်အချိန်မှစ၍ သူမကို မည်သို့ဆက်ဆံရမည်ကို သူမသိပေ။

အထူးသဖြင့် သူမ၏အသွင်က နူးညံ့သိမ့်မွေ့ပြီး ချစ်ခင်စရာကောင်းနေသည့်အပြင် သူ့အနေဖြင့် ဂရုမစိုက်မိပါက အချိန်မရွေး ကျိုးပဲ့ပျက်စီးသွားနိုင်သည့် ကြွေရုပ်ကလေးတစ်ခုနှင့်ပင် တူနေသည့်အတွက် လူကြမ်းကြီးတစ်ယောက်ဖြစ်သည့် သူ့အနေဖြင့် အခက်တွေ့နေသည်။

"အခုမှ ခရီးကပြန်ရောက်တာဆိုတော့ မင်းပင်ပန်းနေလိမ့်မယ်၊ ဒီတော့ အနားယူလိုက်ဦး။"

ဟူ၍ပြောကာ

"အလုပ်တွေလက်စသက်စရာရှိသေးလို့ ငါ ရုံးသွားဦးမယ်။ ဒါကြောင့် ဒီနေ့ ညနေ ၆နာရီမထိုးခင်အထိ ငါအိမ်ပြန်ရောက်မှာ မဟုတ်ဘူး။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now