အခန်း (၆၉)

8.9K 1.2K 148
                                    

Unicode

ဟိုးအရင်က ကြားခဲ့ဖူးသည့် သီချင်းတစ်ပုဒ်မှ စာသားအချို့က သူမ ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာသည်။

"ပြဿနာကြုံလာတိုင်းမှာ ဘာလုပ်ရမလဲ ငါမသိ
အခြေအနေနဲ့ လျော်ညီစွာ ဘယ်လိုပင်ကြိုးစား
ဘာတစ်ခုမှ အဖက်မတင်
အမြဲတမ်းလွဲနေတဲ့ ငါ့အဖြစ်က ..."

စဉ်းစာရကျပ်နေသဖြင့် ခေါင်းကုပ်မိတော့သည်။ ကြံရာမရသည့်အဆုံးတွင် တတ်နိုင်သမျှ ကြိုးစားသရုပ်ဆောင်ရန်သာ ဆုံးဖြတ်လိုက်သည်။

"အားးး!!!"

ရုတ်တရက်ထွက်လာသည့် သူမ အသံကြောင့် Nie မားမား လန့်ဖျပ်သွားကာ

'Anan ၊ သမီးလေး!"

တစ်ဖက်မှ စိုးရိမ်တကြီးလှမ်းမေးလာသည့် Nie မားမား အား အနည်းငယ် အားနာသွားကာ ရှက်စိတ်နှင့်အတူ သူမ မျက်နှာတစ်ခုလုံး ပန်းရောင်ပြောင်းသွားသည်။

"ဟို... ဒါဆိုရင်... အန်တီဆိုလိုတာက ကျွန်မမိဘတွေနဲ့ အဆက်အသွယ်ပြန်ပြီလို့ ပြောချင်တာပေါ့နော်။"

"အမှန်ပဲ AnAn ရေ။ သမီးရဲ့အိမ်မက်တွေ အမှန်တကယ် ဖြစ်လာပြီ!!!"

Nie မားမား ကိုယ်တိုင်လည်း ဝမ်းသာလွန်း၍ မျက်ရည်ဝိုင်းနေပြီဖြစ်သည်။

"ဒါဆိုရင်၊ သမီး..."

ဘာဆက်ပြောရမှန်းမသိ၍ အခက်တွေ့နေသည့် Nie AnAn မှာ ကို့ယ့်ခေါင်းကိုသာ ခပ်နာနာကုပ်မိပြန်သဖြင့် သူမ ခေါင်းတစ်ခုလုံး ငှက်သိုက်သဖွယ် ရှုပ်ပွနေတော့သည်။

"သမီးကို လာကြိုဖို့ သမီးအစ်ကိုကို မေမေလွှတ်လိုက်ပြီဆိုတော့ အခု သူ လမ်းမှာရောက်နေလောက်ပြီ။ သမီးနေတဲ့နေရာကို ခဏကြာရင် သမီးအစ်ကို ​ရောက်လာလိမ့်မယ်၊ ဟုတ်ပြီလား။"

"သမီးအစ်ကို!"

သူမ အစ်ကိုအဖြစ် သတ်မှတ်ထားသူမှာ Huo YanXiao တစ်ယောက်သာဖြစ်၍ Nie AnAn အနည်းငယ် ကြောင်သွားသည်။

"ဟုတ်တယ် သမီးရဲ့၊ ChengFeng ပြောတာက ၁၀ မိနစ်လောက်ကြာရင် ရောက်တော့မယ်တဲ့။"

ထို့ပြင် Nie မားမား ဆက်ပြောလာသည်မှာ

"သူက သိပ်ကံကောင်းတယ်။ သမီးအကြောင်းကို မေမေတို့ အခုနလေးမှ သိကြတာ။ အဲ့ဒီထဲကမှ သမီးကိုလာကြိုဖို့အတွက် သူတစ်ယောက်ပဲ မဟာအခွင့်အရေးရသွားတာပေါ့ကွယ်။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now