အခန်း (၈၉)

7.9K 1.2K 34
                                    

Unicode

Qin ZiMing တစ်ယောက် ထိုသို့ပြောရင်းနှင့်ပင် ရင်ထဲမှ အမုန်းတရားတို့နှင့် ပေါင်းစပ်ထားသည့် မနာလိုရှုစိမ့်မှုတို့က သူ၏အသွေးအသားများထဲတွင် တဟုန်းဟုန်းတောက်လောင်လာကာ လူတစ်ကိုယ်လုံး သွေးဆူနေတော့သည်။

သူ့ဘဝတစ်လျှောက်လုံးတွင် လက်ညိုးညွှန်ရာရေဖြစ်ခဲ့သည်သာမက လိုတရဘဝကိုပါ ပိုင်ဆိုင်ထားခဲ့သည်။ ထို့ပြင် သူ၏မွေးဖွားလာခြင်းက Qin နှင့် Qi အုပ်စုတို့၏ ပူးပေါင်းဆောင်ရွက်မှု သက်သေဖြစ်သည့်အပြင် သူကိုယ်တိုင်ကလည်း  Qin အုပ်စု၏ တစ်ဦးတည်းသော အမွေဆက်ခံမည့်သူ  ဖြစ်သည်။

Qi အုပ်စုမှာ လွန်ခဲ့သည့်နှစ်များမှစ၍ စီးပွားရေးအခြေအနေ တဖြည်းဖြည်း ကျဆင်းလာခြင်းဖြစ်သော်လည်း Qin ကတော်ဖြစ်သည့် သူ၏အမေမှာ Qi အုပ်စုတွင် သြဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

ထို့ပြင် မိသားစုဝင်များအားလုံးက Qin ZiMing အား  မျက်နှာသာပေးထားကြသည်မှာ ညီမဖြစ်သူ Qin ZiYi ပင် မယှဥ်သာပေ။ Qin ZiYi လိုအပ်သည့် အသုံးအဆောင်၊ ပစ္စည်းများအားလုံးကို Qin မိသားစုမှ လိုလေသေးမရှိအောင် ထောက်ပံ့ထားခြင်း ဖြစ်သော်လည်း အားလုံး၏ မေတ္တာဓာတ်နှင့် ဂရုစိုက်မှုကို ရရှိထားသူမှာ Qin ZiMing ပင်ဖြစ်တော့သည်။

သူ့ဘဝ၌ ကြုံရဖူးသည့် အဆီးအတားဟူ၍ Li MangGe နှင့်ပတ်သက်သည့် သူ၏ဆက်ဆံရေးအခြေအနေပင် ဖြစ်ကာ မိသားစုဝင်များက သူတို့နှစ်ယောက်အား အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။

မိသားစုများက သူရွေးချယ်လိုက်သည့် မိန်းကလေးအား သဘောမကျသည့်အချိန်မှစ၍ ပြန်လည်အတိုက်အခံ လုပ်လိုသည့်ဆန္ဒများက သူ့ရင်ထဲ၌ ပထမဆုံးအကြိမ် ဖြစ်ပေါ်လာရသည်။

ယခင်က သူလုပ်လိုသည့်ကိစ္စမှန်သမျှကို မိသားစုများက သဘောတူခွင့်ပြုခဲ့ကြသဖြင့် ယခုကိစ္စကိုလည်း လိုက်လျောပေးစေချင်သည်။ သူတို့ဘက်မှ ကန့်ကွက်လေလေ Li MangGe အား သူ မစွန့်လွှတ်နိုင်လေလေ ဖြစ်လာတော့သည်။

သို့သော် Li MangGe ၏ နဂိုစိတ်ရင်းအမှန်ကို သိလိုက်ရချိန်မှစ၍ Qin ZiMing ၏သဘောထားများ လုံးဝပြောင်းလဲသွားကာ သူမ အပေါ်၌ လုံးလုံးလျားလျား စိတ်ကုန်သွားတော့သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now