အခန်း (၃၁)

10.5K 1.3K 11
                                    

Unicode

“ဟိုင်း Miss AnAn၊ ခင်ဗျားက Nie AnAn ဟုတ်ပါသလား။ ”

Miss AnAn၊ အခုလိုမျိုး အချိန်တိုလေးအတွင်းမှာ ပုံစံသစ်ပြောင်းနိုင်အောင် အကြံပေးအဖွဲ့တွေ ငှားခဲ့တာမျိုးရှိလား။ အခု အောင်မြင်ကျော်ကြားတဲ့ စားဖိုမှူးတစ်ယောက်အဖြစ်နဲ့ လူသိများအောင် လုပ်နိုင်ခဲ့ပြီဆိုတော့ အနုပညာလောကထဲကိုပါ ဆက်ပြီးခြေဆန့်ဖို့ စီစဉ်နေတာမျိုးရှိလားဆိုတာ ဖြေပေးပါဦး။"

"Miss AnAn, အစ်မအနေနဲ့ tattooတွေ ဖယ်ပစ်လိုက်ရတဲ့ အကြောင်းရင်းက လျို့ဝှက်ဧည့်သည်တော်ဖြစ်တဲ့ Qin ZiMing ကိုတွေ့ချင်လို့ 'ရွှေအင်းလေး'ရှိုးအစီအစဉ်မှာ ပါဝင်သရုပ်ဆောင်ခဲ့တာ မဟုတ်လား။"

"Miss AnAn, Mr. Qin မှာ ချစ်သူမိန်းကလေးရှိတဲ့အပြင် အဲ့ဒီမိန်းကလေးကိုယ်တိုင်က ဒီရှိုးမှာ အဖွဲ့သားတစ်ယောက်အနေနဲ့ ပါဝင်ခဲ့တယ်ဆိုတာကိုရော သိပါသလား။"

Miss AnAn, ရှင်က ချစ်သူနှစ်ယောက်ရဲ့ ကြားထဲမှာ မျက်နှာပြောင်တိုက်ပြီး သူများချစ်သူကို အရှက်မရှိ ဖြတ်ခုတ်ချင်တာလား။"

သတင်းထောက်များ၏မေးခွန်းများက သူမကို အသက်ရှုရကျပ်သွားစေသည်။ ပြည်သူများ၏စိတ်ဝင်စားမှုကို ရရှိရန်သာအာရုံစိုက်နေသည့် သတင်းသမားများက ၎င်းတို့၏မေးခွန်းများကြောင့် တစ်ဖက်သားထိခိုက်နစ်နာသွားခြင်းရှိမည်၊ မရှိမည်ကို ဂရုမစိုက်တော့ပေ။

သတင်းထောက်များ စုပြုံဝိုင်းအုံနေသည့်အလယ်၌ တစ်ကိုယ်တည်းရှိနေသည့် Nie AnAn ၏အသွင်မှာ သနားစဖွယ်ကောင်းနေလေသည်။

သူမ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ကာ မရဲတရဲဖြင့်ပြန်ဖြေလိုက်သည်။

"ကျွန်မရဲ့အတိတ်က လုပ်ရပ်တွေကြောင့် အခြားသူတွေကို စိတ်အနှောက်အယှက်တစ်စုံတစ်ရာ ဖြစ်စေတာမျိုးရှိခဲ့မယ်ဆိုရင် ကျွန်မတောင်းပန်ပါတယ်။ အတိတ်မှာဘာတွေလုပ်ခဲ့တယ်ဆိုတာကို ကျွန်မသေသေချာချာ မမှတ်မိတော့ပေမဲ့ လူတိုင်းကိုယ်လုပ်ခဲ့တဲ့အမှားကို တာဝန်ယူဖြေရှင်းသင့်ပါတယ်။"

"ဒါကြောင့် အတိတ်ကကျွန်မရဲ့လုပ်ရပ်တွေကြောင့် Mr. Qin ကို ထိခိုက်နာစေခဲ့ရင် ဒီနေရာကနေပဲ ကျွန်မတောင်းပန်ပါတယ်။ ပြီးတော့ တဆက်တည်းမှာ ကျွန်မဖြေရှင်းချင်တာက- ကျွန်မ Mr. Qin ကို စိတ်မဝင်စားပါဘူး။ 'ရွှေအင်းလေး'ရှိုးအစီအစဉ်မှာ ကျွန်မပါခဲ့တာက ငွေရှာဖို့ သက်သက်ပဲဖြစ်တဲ့အပြင် Mr. Qin က လျို့ဝှက်ဧည့်သည်တော်တစ်ယောက်ဆိုတာကိုလည်း ကျွန်မလုံးဝမသိခဲ့ပါဘူး။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now