အခန်း (၂၄)

11K 1.4K 0
                                    

Unicode

ထိုအချိန်၌ Nie AnAn မှာ "ရွှေအင်းလေး" ရှိုးအစီအစဉ် ရိုက်ကူးမည့်နေရာသို့ ရောက်ရှိနေခြင်းဖြစ်သည်။

"ရွှေအင်းလေး"ရှိုးအစီအစဉ်ကို နိုင်ငံ၏မြောက်ဖျားဒေသရှိမြို့ငယ်လေးတစ်​မြို့တွင်ရိုက်ကူးခြင်းဖြစ်သည်။ ထိုမြို့အစွန်တွင် သဲကန္တရပြင်ကျယ်ကြီးရှိပြီး ခရီးသွားများနှင် စည်စည်ကားကားရှိလှသည့် နေရာတစ်ခုလည်းဖြစ်သည်။

Nie အုပ်စုသည် ထိုရှိုးအစီအစဉ်ကို အဓိကစပွန်ဆာပေးသူများဖြစ်ကာ ထိုမြို့ရှိ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင်လည်း ဆောင်ရွက်နေသူများဖြစ်သည်။

"ရွှေအင်းလေး"ရှိုးအစီအစဉ်တင်ဆက်ပုံမှာ အတော်လေးရိုးရှင်းသည်။ ထိုပွဲ၌ တည်းခိုခန်း 'A' နှင့် 'B' ဟူ၍ တည်းခိုခန်း နှစ်ခုရှိကာ အကွာအဝေးအားဖြင့် ၁၀မီတာခန့်သာ ကွာဝေးလေသည်။ ထို့ပြင် တည်းခိုခန်းနှစ်ခုလုံး၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အခန်းအပြင်အဆင်များက ခပ်ဆင်ဆင်ပင်ဖြစ်သည်။

ရှိုးအစီအစဉ်တွင် ပါဝင်တင်ဆက်သည်ကြမည့် ဧည့်သည်သရုပ်ဆောင်များကိုလည်း အုပ်စုနှစ်စုခွဲကာ တစ်ဖွဲ့စီကို တည်းခိုခန်းတစ်ခုစီ၌ နေစေသည်။ အမြတ်အများဆုံး ရှာဖွေနိုင်သည့်အဖွဲ့က အနိုင်ရသူပင်ဖြစ်သည်။

တည်းခိုခန်းတစ်ခုစီတွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်တက်ဆက်မည့်သူ ၆ယောက်ရှိပြီး စုစုပေါင်းဧည့်သည်အရေအတွက်မှာ ၁၂ယောက် ဖြစ်သည်။ ထို့ပြင် ရှိုးအစီအစဉ်၏ ဒုတိယနေ့မှစ၍ အစီအစဉ်အဆုံးအထိပါဝင်ကူညီပေးရန် ဖိတ်ကြားထားသည့် "လျို့ဝှက်ဧည့်သည်တော်များ"လည်း ရှိမည်ဟူသည့် ကောလာဟလများကိုလည်း ကြားနေရသည်။

တည်းခိုခန်းတွင် လာရောက်တည်းခိုမည့်သူများအတွက် လိုအပ်သည့် အခြေခံဝန်ဆောင်မှုများ၊ အစားအသောက်များနှင့် နေ့စဉ်လှုပ်ရှားမှုအစီအစဉ်များကို ရှိုးအစီအစဉ်၏ ဧည့်သည်သရုပ်ဆောင် ၁၂ယောက်မှ ဆောင်ရွက်ရမည်ဖြစ်ပြီး အခန်းအတွင်း၊အပြင် သန့်ရှင်းရေးနှင့် အဝတ်လျှော်ရန်အတွက်ကိုမူ 'ရွှေအင်းလေး' အဖွဲ့သားများက တာဝန်ယူမည်ဖြစ်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now