အခန်း (၁၂၆) - Bonus

9.7K 888 11
                                    

Unicode

Huo YanXiao တစ်ယောက် သားဖြစ်သူသည် တခြားကလေးများနှင့်မတူဘဲ သန်မာသည့်ကလေးတစ်ယောက်ဖြစ်ကြောင်းကို Huo ZeAn နှစ်နှစ်အရွယ်တွင် သိလိုက်ရသည်။

ထိုအချိန်က သူနှင့် Nie AnAn တို့မှာ သားကလေးအတွက် ဘီးသုံးဘီးပါသည့် စက်ဘီးကလေးတစ်စီး ဝယ်ပေးဖြစ်သည်။ လမ်းကောင်းကောင်း မလျှောက်တတ်သေးသည့် Huo ZeAn မှာ အလေးချိန်အတော်ရှိမည့် ထိုစက်ဘီးကို အသာလေး မ နိုင်နေပြီဖြစ်သည်။

Huo ZeAn ၅ နှစ်အရွယ်ရောက်သည့်အခါ ကျောင်းတွင် အသက် ၈ နှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် ကလေးသဘာဝ ရန်ဖြစ်ကြသည်။ နောက်ဆုံးတွင် တစ်ဖက်လူကို ကိုင်ပေါက်ကာ မြေကြီးပေါ်၌လှဲချပြီး အနိုင်ယူလိုက်နိုင်သည်။

Huo ZeAn အသက် ၈ နှစ်ပြည့်သည့်အခါ သူတို့ရပ်ကွက်တွင် အသန်မာဆုံးဖိုက်တာတစ်ယောက် ဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း Huo ZeAn မှာ ပြဿနာတိုင်းကို လက်သုံး၍ ဖြေရှင်းတတ်သည့် လူတစ်ယောက်မဟုတ်။

စာတော်သူဖြစ်ကာ အတန်းထဲတွင် ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်သည်။ အသက် ၁၀ နှစ်ရောက်သည့်အခါ Qin အုပ်စုနှင့်ပတ်သက်သည့် စီမံကိန်းများတွင်ပင် ပါဝင်ဆောင်ရွက်နေပြီဖြစ်သည်။

ထိုအချိန်၌ Nie AnAn မှာ အသက် ၃၀ စွန်းစွန်းလေးရှိနေပြီဖြစ်သော်လည်း ခန္ဓကိုယ်ပုံမပျက်အောင် ကောင်းကောင်းထိန်းသိမ်းထားနိုင်ခဲ့သဖြင့် သူမ အသွင်က ကလေးအမေ အိမ်ထောင်သည်နှင့်လုံးဝမတူ၊ အပျိုကလေးတစ်ဦးနှင့်သာ တူနေသည်။

အသက် ၁၀နှစ်အရွယ် သားဖြစ်သူ Huo ZeAn နှင့် အပြင်ထွက်တိုင်း လမ်းသွားလမ်းလာများက သူမတို့နှစ်ယောက်ကို မောင်နှမဟုသာ ထင်ကြသည်။

ထိုနေ့က Huo YanXiao အိမ်ပြန်ရောက်သည့်အခါ ဆိုဖာပေါ်၌ ထိုင်နေသည့် Nie AnAn မှာ စိတ်သောကရောက်နေပုံရသည်။ သားဖြစ်သူအိမ်ပြန် မရောက်သေး၍ တစ်အိမ်လုံး တိတ်ဆိတ်နေကာ TV လည်း ပိတ်ထားသည်။

Huo YanXiao အပေါ်မှထပ်ဝတ်ထားသည့် ကုတ်အင်္ကျီကိုချွတ်လိုက်ကာ ထိုင်ခုံလက်ရန်းပေါ်၌ ပစ်တင်လိုက်သည်။ စိတ်မပျော်ဖြစ်နေသည့် ဇနီးသည်လေးအားကြည့်ကာ

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now