အခန်း (၆၆) - Bonus

9.4K 1.2K 28
                                    

Unicode

"ဒီလိုလေ သမီးရဲ့။ တကယ်လို့ ဒီသတင်းတွေကသာ အမှန်ဖြစ်ပြီး သမီးအစ်ကိုကသာ Qin အိမ်တော်ကို ပြောင်းသွားမယ်ဆိုရင် သမီးဆစ်ယောက်တည်းကျန်ခဲ့မှာပေါ့။ ဘယ်လိုလုပ်ဖို့ သမီးစဦးစားထားသလဲ။"

ထိုသို့ပြောရင်းနှင့် Nie မားမားတစ်ယောက် ရုတ်တရက် စိတ်လှုပ်ရှားရင်ခုန်လာသည်။ သူမ ပြောနေသည်ကို ငြိမ်ကြိမ်ကလေးနားထောင်နေသည့် Nie AnAn ကိုကြည့်ကာ

"သမီးအနေနဲ့ ကိုယ့်ရဲ့ မိခင်၊ ဖခင်အရင်းတွေကို ရှာဖို့ စိတ်ကူးကြည့်ဖူးလား။ တကယ်လို့ သူတို့ကသာ အခုချိန်ထိ သက်ရှိထင်ရှားရှိနေသေးမယ်ဆိုရင် သူတို့နဲ့အတူတူ သမီးပြန်နေလို့ရတာပဲလေ၊ မဟုတ်ဘူးလား။"

Nie မားမား၏ ပြောစကားနှင့် စိတ်လှုပ်ရှားပုံရနေသည့် သူ့အကြည့်များကြောင့် Nie AnAn ခေါင်းထဲတွင် ရုတ်တရက်တွေးမိသွားသည်။

'သူတို့ တစ်ခုခုကို သိသွားတာလား။ ဒါမှမဟုတ် သူတို့ဆီမှာ ငါနဲ့ပတ်သက်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်မယ့် သက်သေအထောက်အထား တစ်ခုခုရှိနေလို့များလား။'

လွန်ခဲ့သည့်ရက်များအတွင်းက ဤအိမ်တွင် သူမ ထိုင်နေကျထိုင်ခုံမှာ ကြိမ်ထိုင်ခုံဖြစ်သည့်အတွက် ထိုခုံပေါ်တွင် သူမ ဆံပင်စများ အနည်းငယ် ညိကျန်ခဲ့ခြင်းဖြစ်ရမည်။ ထို့ကြောင့်...

Nie AnAn မှာ Nie မားမားအား မည်သို့ပြန်ဖြေရမည်ကို စဉ်းစားနေချိန်တွင် တီဗီမှထွက်လာသည့် သတင်းကြေညာသံကြောင့် သူမ အာရုံပြောင်းသွားသည်။

"လွန်ခဲ့တဲ့မိနစ်အနည်းငယ် အကြာက Qin အုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် Mr. Qin Hai က အရေးပေါ် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ သတင်းရုပ်သံလိုင်းက သတင်းထောက်တွေက အဲ့ဒီအစီစဉ်ကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမှာပဲ ဖြစ်ပါတယ်။"

သတင်းကြေညာသူကြောင့် Nie AnAn သာမကာ Nie မားမား ပါ တီဗီဘက်သို့ လှည့်ကြည့်လာလေသည်။

တီဗီထဲတွင် မြင်နေရသည်မှာ -

Qin Hai သည် အစည်းဝေးခန်းမကြီး၏ အလယ်ဗဟိုတွင် ထိုင်လျက်ရှိပြီပြီး သူ့ဘေးနားတွင် ဝန်ထမ်းအချို့ ဝန်းရံလျက်ရှိသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင်မူ သတင်းမီဒီယာဌာနအသီးသီးမှ သတင်းထောက်များက နေရာယူထိုင်နေကြကာ သူဘာပြောမည်ကို စိတ်ဝင်တစား စောင့်နေကြသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now