အခန်း (၁၀၈) - Bonus

6.7K 736 6
                                    

Unicode

"Qin ZiMing နဲ့ သူ့အမေတို့ နှစ်ယောက် ပေါင်းကြံတာ။"

Nie ChengFeng မဆိုင်းမတွပင် အဖြေပေးလိုက်သည်။

"Huo YanXiao ကို သူပိုင်ဆိုင်ထားသမျှတွေ တစ်ပြားတစ်ချပ်မှ ယူသွားလို့မရအောင် အသေသတ်ဖို့ ရည်ရွယ်ပြီး လုပ်ခဲ့ကြတာပါ။"

Nie ပါးပါးလည်း ခေါင်းညိတ်ကာ

"ငါအရင်ကတည်းက ZiMing နဲ့ ပတ်သက်ပြီး အကဲခတ်ကြည့်တဲ့အခါ ဒီကောင်လေးက လူတွေထင်ထားသလို ရိုးရှင်းနေမှာ မဟုတ်ဘူးဆိုတာ အစကတည်းက သိပြီးသား။ သူက ငါတို့ အပေါ်ယံမြင်နေရသလို ကြင်နာရိုးဖြောင့်မယ့် လူစားမျိုးမဟုတ်ဘူး။

ဒါပေမဲ့ သူ့ရဲ့ သရုပ်မှန်ကို ပိပိရိရိ ဖုံးထားနိုင်ခဲ့တော့ ငါ သူ့အပေါ်မှာ အမြင်မှားနေမိပြီလားလို့တောင် ထင်မိသွားတာ၊ အခု ကြားရတဲ့သတင်းတွေကို ပြန်သုံးသပ်ကြည့်ရမယ်ဆိုရင် ... "

"အမှန်ပြောရမယ်ဆိုရင် Huo YanXiao က Qin ZiMing တို့ သားအမိနှစ်ယောက်က သူ့နောက်ကွယ်မှာ အကွက်ချနေတာကို အစောကြီးကတဉ်းက ရိပ်မိထားပြီးပြီ။ ဒါကြောင့်ပဲ An An နဲ့ လက်ထပ်ဖို့ကို သူ့ဘက်က အလောတကြီး စီစဉ်ခဲ့တာ။ "

ဟု ပြောလိုက်သည့် Nie ChengFeng ၏ အကြည့်များက တည်ငြိမ်လေးနက်နေသည်။

"An An နဲ့ လက်ထပ်တာက အခုဖြစ်နေတဲ့ ကိစ္စတွေနဲ့ ဘယ်လိုပတ်သက်နေလို့လဲ။"

Nie မားမား လုံး၀နားမလည် နိုင်တော့ပေ။

"သူတို့နှစ်ယောက် လက်ထပ်ပြီးတဲ့အချိန်မှာ လက်ထပ်စာချုပ်အပြင် နောက်ထပ် စာချုပ်တစ်ခုကိုပါ လက်မှတ်ထိုးခဲ့ကြသေးတယ်။ အဲ့ဒီ ပိုင်ဆိုင်မှုအလွှဲအပြောင်း စာချုပ်ကိုလည်း An An က ကျွန်တော့်ကို ပြပြီးပြီ။

စာချုပ်ထဲမှာ ရေးထားတာက တကကယ်လို့ Huo YanXiao သာ မတော်တဆမှု တစ်ခုခုနဲ့ကြုံလာခဲ့ရင် သူ့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို An An တစ်ယောက်တည်းကပဲ အကျိုးခံစားခွင့်ရှရှိတယ် ဆိုတာပဲ။"

Nie ChengFeng ၏ ရှင်းပြချက်ကို ကြားသည့်အခါ ဧည့်ခန်းတစ်ခုလုံး ငြိမ်ကျသွားသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now