အခန်း (၄၈)

9.6K 1.2K 10
                                    

Unicode

သူ့စကားကြောင့် သူမ အံ့ဩသွားသည်။ အတိတ်က အကြောင်းအရာဖြစ်သည့်အတွက် သူမ အနေဖြင့် သူပြောနေသည့်အရာနှင့်ပတ်သက်၍ ဘာဆိုဘာမှမသိပေ။ ထိုအချိန်၌ Ji YunChuan ဆက်ပြောလာသည်မှာ

"ကျွန်တော် ၁၁နှစ်သားတုန်းက နန်းမြို့တော်ကို မိဘတွေနဲ့ ပထမဆုံးအကြိမ်လာလည်ဖြစ်တယ်။ အဲ့ဒီအချိန်မှာ မိဘတွေနဲ့ ကျွန်တော်လူချင်းကွဲသွားလို့ ရဲတွေကိုအကူအညီတောင်းဖို့လုပ်နေတဲ့အချိန်မှာ အနီးအနားမှာရှိနေတဲ့ ကောင်လေးတစ်အုပ်က ကျွန်တော်ကိုတွေ့သွားတယ်။ အူကြောင်ကြောင်ဖြစ်နေတဲ့ ကျွန်တော့်ပုံစံက မြို့ခံမဟုတ်မှန်းသိသာနေတော့ ကျွန်တော့အနားကို အုပ်စုလိုက်ကြီး ဝိုင်းလာကြတယ်။"

ထိုနေရာသို့ရောက်သောအခါ ပြောလက်စ စကားကိုခဏရပ်ထားလိုက်ရင်း သူ့မျက်လုံးများက အရောင်တောက်ပလာသည်။

"အဲ့ဒီအချိန်မှာ AnAn ရောက်လာတာဘဲ။ အဲ့ဒီတုန်းက AnAn က အသက် ၁၀နှစ်လောက်ပဲရှိနေဦးမယ်၊ ဒါပေမဲ့ ကျွန်တော့နားကိုပြေးလာပြီးတော့ အချိန်ခဏလေးအတွင်းမှာ သူတို့အားလုံးကို အနိုင်တိုက်ပြီး ကျွန်တော့်ကိုကယ်ခဲ့တယ်။ ပြီးတော့ AnAn က ကိုယ့်နာမည်ကိုယ် Nie AnAn ဆိုပြီး သေသေချာချာလေး ပြောပြခဲ့သေးတာဗျ။"

ယခု သူပြောပြနေသည့် အကြောင်းအရာကို ဝတ္ထုစာအုပ်ထဲတွင် ရေးသားထားခြင်း မရှိသဖြင့် မှန်သည်၊ မမှန်သည်ကို သူမ သေသေချာချာ မသိပေ။ ထို့ကြောင့် စကားကို မယုတ်မလွန်ကလေးပြောရန် ဆုံးဖြတ်လိုက်ကာ

"အိုး... ဒါတွေက အရမ်းကြာခဲ့ပြီဆိုတော့ ကျွန်မ သိပ်မမှတ်မိတော့ဘူး။ ဒါပေမဲ့ အခုလိုပြန်တွေ့ရတာ တကယ်ဝမ်းသာပါတယ်။"

ဟု သူ့ကိုပြုံးပြရင်း လက်ဆွဲနှုတ်ဆက်လိုက်သည်။

လေယာဉ်ကွင်း၌ အဖွဲ့သားများအားလုံးစုံသွားသည့်အခါ စီစဉ်ထားသည့်အတိုင်း ရိုက်ကူးရေးပြုလုပ်မည့်နေရာသို့ သွားကြတော့သည်။

ထိုနေရာသို့ရောက်သောအခါ မည်သည့်တည်းခိုခန်းတွင် တာဝန်ကျမည်ကိုသိရန်အတွက် မဲနှိုက်ကြရသည်။ ယခုတစ်ကြိမ်တွင် သူမ နေရမည့်နေရာမှာ တည်းခိုခန်း "B" ဖြစ်လေသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now