အခန်း (၃၇)

10.6K 1.4K 6
                                    

Unicode

အိမ်အပြန်လမ်းတွင် အင်တာနက်ပေါ်၌ နာမည်ကြီးနေသော ချိုချဉ်ဆိုင်ကိုတွေ့သဖြင့် ကားရပ်ကာ

AnAn, စားချင်တာရှိလား။"

ဆိုင်အရှေ့တွင် ချိုချဉ်ဝယ်ရန် စီတန်းရပ်စောင့်နေကြသည့် ကလေးငယ်များကို Nie AnAn ကြည့်ရင်း ခေါင်းခါပြလိုက်သည်။

“ကိုကြီး၊ ညီမလေးက အပြင်စာတွေမှ သိပ်မစားတာ။"

Huo YanXiao ဘာစကားမှမဆိုတော့ဘဲ ကားစက်နှိုးလိုက်သည်။

“အင်း၊ မင်းပြောတာ ဟုတ်သားပဲ။ အပြင်စာတွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ကောင်းပြီလေ၊ ဒါဆိုရင်လည်း အခု စူပါမားကတ်ကို သွားရအောင်လေ။"

စူပါမားကတ်သို့သွားနေသည့်လမ်း၌ သူမ တရေးအိပ်စက်ခွင့်ရသွားသဖြင့် ယခုမှသာ အနည်းငယ် လန်းဆန်းအားအင် ပြည့်ဖြိုးလာတော့သည်။ ထို့ကြောင့် မောင်နှမနှစ်ယောက် ပစ္စည်းများဝယ်ရန် ကားထဲမှထွက်လိုက်ကြသည်။

ပစ္စည်းများဝယ်ပြီးသည့်အခါ ထိုနေရာမှထွက်လာကြပြီး အိမ်ရောက်ခါနီး၌ Huo YanXiao ဆီသို့ ဖုန်းဝင်လာလေသည်။ ဖုန်းခေါ်ဆိုသူအမည်​ကိုကြည့်ရင်း ဖုန်းကိုင်လိုက်သည်။

“ဘောစ့် Huo၊ ကျွန်တော့်ကို အရင်တုန်းကစုံစမ်းခိုင်းထားတဲ့ ကိစ္စက သတင်းထူးတစ်ခု ရထားပါတယ်။"

ဟူ၍ ဖုန်းထဲမှလူ၏ စကားပြောသံထွက်လာသည်။

“ကောင်းပြီလေ၊ ဆက်ပြော”

Huo YanXiao ၏အသံက ပကတိ တည်ငြိမ်လေးနက်နေသည်။

“ကျွန်တော်တို့ထင်ထားတဲ့အတိုင်းပဲ တောင်အာဖရိကဘက်မှာ Qin မိသားစုပိုင်တဲ့ ဇီဝဆေးဝါးကုမ္ပဏီ တစ်ခုရှိတယ်။"

Huo YanXiao မျက်မှောင်ကြုတ်လိုက်ကာ

"နောက်ထပ်ရော ဘာတွေ စုံစမ်းလို့ရခဲ့သေးလဲ။"

"သူတို့တွေက အဆောက်အဦးတစ်ခုလုံးကို လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့အတွက် ကျွန်တော်တို့အဖွဲ့သားတွေ အထဲဝင်ပြီးထောက်လှမ်းလို့ မရခဲ့ဘူး။ ဒါကြောင့် အခုရ,ထားတဲ့သတင်းက ကျွန်တော်တို့အခုချိန်ထိ စုံစမ်းလို့ရတဲ့ သတင်းပါပဲ။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now