အခန်း (၁၂၁)

8.2K 857 23
                                    

Unicode

Huo YanXiao တင်ထားသည့် ပိုစ့်ကို မြင်သူတိုင်းက သူတို့၏ထင်မြင်ယူဆချက်အသီးသီးကို ကွန်မန့်များဝင်ရေးနေကြတော့သည်။

သို့သော် မီးဖိုချောင်ထဲ၌ အလုပ်များနေသည့် Nie AnAn မှာ သူမ အား အမြင်စောင်းနေသူများအားလုံးက အဖြစ်မှန်ကိုသိသွားပြီး သူမ အပေါ်၌ အမြင်ပြောင်းသွားကြသည်ကို ဘာမှမသိပေ။

ရုတ်တရက်ဆိုသလို တစ်ခုခုလုပ်ရန်ကျန်သေးသည်ကို သူမ သတိရသွားသည်။ နောက်လှည့်ကြည့်သည့်အခါ သူမ အားလှမ်းငေးနေသည့် Huo YanXiao နှင့် အကြည့်ချင်းဆုံသွားသဖြင့် ချက်ချင်းမေးလိုက်သည်။

"ပြီးခဲ့တဲ့ညတုန်းက ညီမလေးတို့နှစ်ယောက် ဖုန်းပြောတဲ့အချိန်မှာ ကိုကြီး စားချင်တဲ့ဟာ ရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ညီမ လည်းအခုမှ မေးဖို့သတိရဆိုတော့ ဘာမှပြင်မထားရသေးဘူး၊ အခု ပြောကြည့်လေ။"

သူမ၏ ကြည်လင်နေသည့် မျက်ဝန်းနက်များကို စူးစိုက်ကြည့်ရင်း Huo YanXiao ရှေ့သို့ တစ်လှမ်းချင်းလျှောက်လာသည်။ အနားရောက်သည့်အခါ ကိုယ်ကိုကိုင်းလိုက်ပြီး သူမ ပါးပြင် နုနုကို ညင်သာစွာအနမ်းပေးလိုက်သည်။

"အဲ့ဒါက အချိုပွဲလိုမျိုးပဲဆိုတော့ ညနေစာစာပြီးမှပဲ ဆက်ပြောကြတာပေါ့။"

"အော်... ဟုတ်။"

သူပြောသည့်အတိုင်းပင် Nie AnAn ရိုးရှင်းစွာ ယုံထားလိုက်သည်။ ထို့နောက် မီးဖိုပေါ်ရှိဒယ်အိုးထဲမှ အရွက်များကိုကြော်လှော်ရင်း မီးအရှိန်လျှော့လိုက်ချိန်၌ ဟင်းရည်အိုးမှာလည်း ကျက်သွားပြီဖြစ်သည်။

အစားအသောက်များကို ကူညီပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ Huo YanXiao လျှောက်လာသည်။ အားလုံးပြင်ပြီးသွားသည့်အခါ နှစ်ယောက်သား ထမင်းစားပွဲ၌ ဝင်ထိုင်လိုက်တော့သည်။

"ကိုကြီး အဲ့ဒီညတုန်းက လျှို့ဝှက်ကင်မရာကို လူနာအခန်းထဲမှာ အစောကြီးကတည်းက တမင်တကာ တပ်ခိုင်းထားခဲ့တာလား။"

Huo YanXiao ခေါင်းညိတ်ရင်း

"AnAn ၊ လောကကြီးမှာ ငွေနဲ့ဝယ်လို့ရတဲ့အရာတွေ အများကြီးရှိတယ်။ အဲ့ဒီအထဲမှာ Qin ZiMing ရဲ့ နောက်လိုက်တွေ နဲ့ ဆေးရုံမှာရှိနေတဲ့ လူတွေလည်း ပါတယ်။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now