အခန်း (၆)

11.4K 1.4K 5
                                    

Unicode

ဓာတ်လှေကားစီးပြီး ခဏအကြာတွင် ပထမထပ်သို့ ရောက်လာသည်။ ထို့နောက် ဘေးတွင်ရပ်နေသည့် Nie AnAn ကို လျစ်လျူရှုကာ Huo YanXiao တစ်ယောက်တည်း ထွက်သွားတော့သည်။

ဒေါက်မြင့်ဖိနပ်ဝတ်လာသည့် Nie AnAn တစ်ယောက် ရှေ့မှ မြန်မြန်ဆန်ဆန်လျှောက်နေသည့် Huo YanXiao နောက်ကို မနည်းလိုက်နေရသည်။ နောက်ဆုံးတွင်ဘယ်လိုမှ မလိုက်နိုင်တော့သဖြင့် အမော့ဆို့နေသည့် သူမ မှ Huo YanXiao ၏ အင်္ကျီစကို ကိုင်ကာ "ကိုကို" ဟု လှမ်းခေါ်လိုက်တော့သည်။

လျှောက်နေသည့်ခြေလှမ်းများ ရုတ်တရက် တန့်သွားကာ သူ၏နောက်တွင် ရှိနေသည့် မိန်းကလေးကို တစ်ချက် လှမ်းကြည့်လိုက်သည်။     

"ကိုကို၊ ဖြည်းဖြည်းလေးလျှောက်ပေးပါနော်။ ညီမလေး ကိုကို့ နောက်က ဆက်မလိုက်နိုင်တော့ဘူး။" ဟု ပြောလာသည့် သူမအသွင်က ချစ်စဖွယ်သိုးကလေးတစ်ကောင်ကဲ့သို့ပင် မြင်ရသူတိုင်းကို ဂရုဏာသက်မိသွားစေသည်။

Huo YanXiao အနေနှင့် တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုခြင်း မရှိသော်လည်း သူ့ခြေလှမ်းအရှိန်များက သိသိသာသာလျော့သွားသည်။

ကလပ် ရှေ့သို့ သူတို့နှစ်ဦးရောက်လာချိန်တွင် အဆင်သင့်ရပ်စောင့်နေသောကားကို တွေ့ရလေသည်။  

Cucumber တစ်ယောက် Huo YanXiao နှင့်အတူပြန်လိုက်လာသည့် Nie AnAn ကို တွေ့ရချိန်၌ အနည်းငယ် အံ့အားသင့်မိသော်လည်း ချက်ချင်းပင်ခေါင်းညိတ်ပြလိုက်သည်။

"ဘောစ့်လည်း ဒီမှာရှိနေတော့ ကျွန်တော် မမလေးကို အိမ်ပြန်လိုက်ပို့ပေးစရာ မလို..."

"ငါ အိမ်ပြန်မှာ မဟုတ်ဘူး။ သူ့ကို ပြန်လိုက်ပို့ပေးလိုက်။"  Cucumber စကားမဆုံးမီပင် အသံဩဇာတိက္ကမနှင့် ပြည့်စုံသည့် Huo YanXiao အသံကို ကြားလိုက်ရသဖြင့်

“ မမလေး၊ ကျေးဇူးပြုပြီး ကားထဲဝင်ပါ၊” ဟု Cucumber ပြောလိုက်သည်။

'ဟင်... ငါနဲ့ တစ်ကားတည်း အတူမစီးချင်လို့များ သူက တမင်တကာ လုပ်နေတာလား၊ ဒါမှမဟုတ် ငါကပဲ အတွေးလွန်နေတာ ဖြစ်မလား။' ဟု Huo YanXiao ကိုကြည့်ရင်း သူမ တွေးနေမိသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now