အခန်း (၈)

11.3K 1.5K 7
                                    

Unicode

အလုပ်ထဲတွင်သာ စိတ်လုံးလုံးနှစ်ထားသည့် Huo YanXiao တစ်ယောက် သူမ စကားများကြောင့် အာရုံပျက်သွားသည်။

ထို့ပြင် သူမထွက်သွားပြီးနောက်တွင် ဗိုက်ဆာလာသည်ကို ခံစားမိသဖြင့် ရေသောက်ရန်သာ ဆုံးဖြတ်လိုက်သည်။

သို့သော် အပေါ်ထပ်တွင် သောက်စရာရေ မရှိတော့သဖြင့် အောက်ထပ်သို့ ဆင်းလာစဉ်တွင် စားချင်စဖွယ် ရနံ့တစ်ခုက သူ့ကို ဆီးကြိုနေသည်။

ဤအနံ့သည် Nie AnAn စားနေကျ ခေါက်ဆွဲခြောက်ပြုတ်နံ့မျိုးမဟုတ်ဘဲ၊ ထိပ်တန်း စားဖိုမှူးတစ်ဦးကိုယ်တိုင် ချက်ပြုတ်ထားသည့် ဟင်းလျာများမှ ပျံ့လွင့်လာသည့် မွေးရနံ့နှင့် တူသည်။

သိချင်စိတ်တို့ စိုးမိုးလာသည့်အတွက် ရေယူပြီးနောက်တွင် ထမင်းစားခန်းရှိရာသို့ လျှောက်လာခဲ့သည်။

အခန်းဝကို ကျောပေးကာ အစားအသောက်များကို ကျကျနနထိုင်စားနေသည့် Nie AnAn အနေဖြင့် သူမ နောက်ကျောတွင်ရပ်နေသည့် သူ့ကို လုံးဝ သတိမထားမိပေ။

'သူမ အခုနတုန်းက ညစာ သွားဝယ်ဖို့ အပြင်ထွက်သွားတာကိုး။'

ထို့နောက် သူ ဘာစကားမှမဆိုတော့ဘဲ အပေါ်ထပ် ပြန်တက်သွားသည်။ သို့သော်လည်း ရေသောက်ပြီးသည့်တိုင် ဆာလောင်မှုတို့က ရှိနေဆဲပင် ဖြစ်သည်။ 

ထို့ကြောင့် နားထင်နားရှိ အကြောလေးများကို နှိပ်ရင်း ကြည့်လက်စ စာရွက်စာတမ်းများထဲသို့ အာရုံပြန်စိုက်ရန် ကိုယ့်ကိုယ်ကို ဖိအားပေးလိုက်သည်။

အောက်ထပ်တွင်မူ Nie AnAn တစ်ယောက် စားသောက်ပြီးပြီဖြစ်၍ အိုးခွက်၊ ပန်းကန်များ ဆေးကြောသိမ်းဆည်းကာ အိပ်ခန်းသို့ ပြန်လာခဲ့သည်။

ယနေ့တစ်နေ့လုံး ပင်ပန်းသွားပြီဖြစ်၍ အိပ်ရာပေါ်သို့ ခေါင်းချချခြင်း သူမ အိပ်ပျော်သွားလေတော့သည်။

သန်းခေါင်ယံချိန်သို့ ရောက်သောအခါ လက်ကျန်အလုပ်များကို လက်စသတ်ကာ စာကြည့်ခန်းမှ Huo YanXia ထွက်လာသည်။ ရေခပ်မြန်မြန်ချိုးပြီးနောက် ဆံပင်ခြောက်ရန် စောင့်ရင်း ဖုန်းထဲမှသတင်းအချို့ကို ဖတ်ရှုနေသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now