အခန်း (၉၃)

7.5K 942 2
                                    

Unicode

သူ၏အပြုအမူကြောင့် Nie AnAn အံအားသင့်သွားသည်။ ခဏကြာပြီးမှသာ သတိပြန်ဝင်လာပြီး သူမ မျက်နှာပေါ်မှ မိုးရေစက်များကို လက်ဖြင့်သပ်ချလိုက်သည်။ ထို့နောက် တွေဝေမနေတော့ဘဲ Huo YanXiao ကျောပေါ်သို့ တက်လိုက်တော့သည်။

ထို့နောက် Huo YanXiao မတ်တပ် ထ,ရပ်လိုက်ပြီး သူ့ကိုယ်ပေါ်၌  Nie AnAn ကို ကျောပိုးထားလျက် ခြေလှမ်းအရှိန်မှန်မှန်ဖြင့် အရှေ့သို့ဆက်လျှောက်သွားတော့သည်။

ထိုအချိန်၌ Nie AnAn တစ်ယောက် သူမ တို့သွားနေသည့်လမ်းကို Huo YanXiao ကျောပေါ်မှ ကျော်ကြည့်ရန် ခေါင်းမော့လိုက်သည်။ သို့သော် မိုးသည်းထန်စွာရွာသွန်းနေသည်ဖြစ်၍ သူမ အပေါ်သို့ မိုးစက်မိုးပေါက်များက တဖွဲဖွဲလွင့်စင်လာကာ မျက်နှာတစ်ခုလုံး စပ်ဖျဉ်းဖျဉ်းဖြစ်သွားပြီး ရှေ့နားတစ်ဝိုက်ကိုပင် ကောင်းကောင်းဆက်မကြည့်နိုင်တော့ပေ။

ထို့ကြောင့် မိုးစက်မိုးပေါက်များမှ အကာအကွယ်ယူရန် သူမ မျက်နှာလေးကို ငုံ့ချထားလိုက်ကာ သူ့ကျောပေါ်၌ အသာလေးတင်မှီလိုက်တော့သည်။ တဝုန်းဝုန်းရွာချနေသည့် လေသံ၊ မိုးသံမှအပ မည်သည့်အသံကိုမှ သူမ မကြားရတော့ပေ။

Ji YunChuan နှင့် ဝန်ထမ်းအချို့တို့မှာ သူမတို့အရှေ့၌ လျှောက်နေသည်ဖြစ်ရာ သူတို့ကိုယ်တိုင်လည်း မိုးရေများကြောင့် ခြေချော်လုနီးပါးဖြစ်နေတော့သည်။ ထို့ပြင် အပေါ်မှ အရှိန်ပြင်းပြင်းဖြင့် မရပ်မနား ခုန်ဆင်းလာနေသည့် မိုးရေစက်များကြောင့် မျက်စိကောင်းကောင်း မဖွင့်နိုင်ဘဲရှိနေသဖြင့် လမ်းလည်း ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။

သို့သော်လည်း Nie AnAn အား ကျောပိုးထားသည့် Huo YanXiao မှာ တည်ငြိမ်မှန်ကန်သော ခြေလှမ်းများဖြင့် လျှောက်နေဆဲဖြစ်သည်။

ဤသို့ဖြင့် ခရီးဆက်သွားကြရင်း ယခု သူမတို့ရောက်နေသည့်နေရာမှာ Yuanyuan တည်းခိုခန်းနှင့် မဝေးတော့ပြီဖြစ်၍ ခဏကြာသည့်အခါ ရိုက်ကူးရေးလုပ်သည့်နေရာသို့ ပြန်ရောက်သွားကြသည်။

ထိုအချိန်၌ တည်းခိုခန်း၌ကျန်ခဲ့ကြသည့် ကျန်အဖွဲ့သားများမှာ သူမတို့အားလုံးအား စိုးရိမ်တကြီးစောင့်နေကြသည်ဖြစ်ရာ အပြင်မှအတူတူ ပြန်ရောက်လာကြသည့် လူအုပ်ကိုမြင်တော့မှသာ သက်ပြင်းချနိုင်ကြတော့သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now