အခန်း (၉၄) - Bonus

8.2K 989 29
                                    

Unicode

“ဒါနဲ့ An An တို့နှစ်ယောက်က ဘယ်အချိန် ရုံးတက်လက်မှတ်ထိုးကြမှာလဲ။"

ထိုသို့မေးလာသူများအား Huo YanXiao တိုတိုတုတ်တုတ် ပြန်ဖြေပေးလိုက်သည်။

"An An နဲ့ ကျွန်တော်တို့က ၁၈ ရက်နေ့ကြရင် စေ့စပ်ပွဲလုပ်ကြမှာပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အခမ်းအနားပွဲကို လာကြဖို့ အားလုံးကို တစ်ခါတည်းဖိတ်ပါတယ်။"

ယခုအချိန်အထိ Nie AnAn ဘာဆိုဘာမှ ဝင်မပြောလိုက်ရပေ။ စောစောက သူမ ရပ်နေသည့်နေရာ၌သာ ကျောက်ချထားမိသလို ရပ်နေဆဲဖြစ်သည်။ Huo YanXiao ပြောလိုက်သည့်စကားများက သူမ စိတ်ကူးထဲတွင် စဉ်းစားထားသည်ထက် ပိုသဘာဝကျနေလေသည်။

ထိုအချိန်၌ Qin ZiYi မှာ သူမ လိုအပ်သည့်အသုံးအဆောင် ပစ္စည်းအတိုအထွာများကို ကောက်သိမ်းပြီးပြီဖြစ်သည်။ ထို့နောက် အခန်းထဲမှ ထွက်မသွားခင် Nie AnAn အား မျက်စိလှမ်းမှိတ်ပြလိုက်ကာ

"အိုခေ An An ၊ ငါအခု အစ်မ MenGe အခန်း သွားပြီနော်။"

သူမ အသံကြားမှသာ Nie  AnAn သတိပြန်ဝင်လာသည်။

မကြာမီမှာပင် Huo YanXiao ကိုယ်တိုင်လည်း အခန်းနား၌ စုပြုံနေသည့် ဧည့်သည်များနှင့် ဝန်ထမ်းများအား မြန်မြန်ဆန်ဆန် ပ ထုတ်လိုက်သည်။

"အားလုံးပဲ...အခုန An An က ချော်လဲထားတာဆိုတော့ သူ့ရဲ့ ဒဏ်ရာကို ကျွန်တော် ဆေးထည့်ပေးစရာ ရှိသေးတယ်။"

Huo YanXiao ပြောစကားကြောင့် ကျန်နေသည့်လူအုပ်ကြီးမှာ ကိုယ့်အိပ်ခန်းအသီးသီးသို့ ပြန်သွားကြသဖြင့် တဖြည်းဖြည်းလူစုကွဲသွားကြတော့သည်။

"အေးလေ၊ အခု မိုးလည်းချုပ်နေပြီဆိုတော့ ငါတို့တွေလည်း အိပ်ဖို့ပြင်ဆင်ကြရအောင်။"

ဟူ၍ အချင်းချင်းပြောပြီးသည့်အခါ သူမတို့အခန်းရှေ့မှ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ ဤသို့ဖြင့် အချိန်ခဏအတွင်း၌ Nie AnAn တို့အနားတွင် မည်သူမှ မရှိတော့ဘဲ သူမနှင့် Huo YanXiao နှစ်ယောက်သာ ကျန်ခဲ့တော့သည်။

ထို့နောက် အခန်းတံခါးပြန်ပိတ်လိုက်ပြီး ဆေးသေတ္တာကို Huo YanXiao ဖွင့်ကာ An An ၏ ဒဏ်ရာရထားသည့် ခြေထောက်အား သူ့ဒူးပေါ်သို့ တင်လိုက်သည်။ ဒဏ်ရာအနားတစ်ဝိုက်ကို ပိုးသတ်ရန် အရက်ပြန်ဖြင့် ဆေးသည့်အခါ

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now