အခန်း (၆၇)

9.2K 1.2K 21
                                    

Unicode

သို့သော်လည်း ထိုကိစ္စကို သမီးဖြစ်သူအားပြောရန် အချိန်မကျသေး၍ Nie မားမား တစ်ယောက် ကိုယ့်စိတ်ကို ပြန်ထိန်းလိုက်သည်။

"ဒါဆိုရင် သမီးဆန္ဒရှိတဲ့အတိုင်း မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြန်ရနိုင်ဖို့အတွက် အန်တီတို့ဘက်ကလည်း ဝိုင်းဝန်းကူညီပေးမယ်နော်။

ဒါနဲ့ ရှာရတာလွယ်ကူသွားအောင် သမီးရဲ့ဆံပင်စ နည်းနည်းလောက် အန်တီ့ဆီမှာချန်ထားခဲ့လေ။"

"ဟုတ် အန်တီ။ အခုလိုကူညီပေးတာ ကျေးဇူးတင်ပါတယ်။"

ထိုသို့ပြောပြီးသည့်အခါ ခေါင်းထက်မှ ဆံပင်အနည်းငယ်ကို သူမ ဆွဲနှုတ်ကာ Nie မားမားထံလှမ်းပေးပြီးနောက် အချိန်အနည်းငယ်ကြာသည့်အခါ နှုတ်ဆက်စကားပြောပြီး အိမ်သို့ထွက်လာတော့သည်။

အိမ်ပြန်ရောက်သည့်အခါ Qin Hai ၏သတင်းစာရှင်းလင်းပွဲ ဗီဒီယိုကို အင်တာနက်ပေါ်တွင်ရှာဖွေပြီးနောက် သေသေချာချာပြန်ကြည့်လိုက်သည်။ ထိုဗီဒီယိုထဲတွင် Qin Hai ကိုယ်တိုင် အတိအလင်းကြေညာသည်မှာ

"သူက ကျွန်တော့်သားဖြစ်တဲ့အတွက် Qin အိမ်တော်မှာ ပြန်လာနေဖို့ ဘာမှကန့်ကွက်စရာမရှိဘူး။"

သူ့စကားကြောင့် သူမ မဲ့ပြုံးပြုံးမိသွားသည်။ နာရီကြည့်လိုက်ချိန်၌ ညနေစောင်းနေပြီဖြစ်သည့်အတွက် Huo YanXiao အတွက် ညနေစာပြင်ရန် မီးဖိုချောင်ထဲဝင်သွားတော့သည်။

----------

ထိုအချိန်၌ Huo ကုမ္ပဏီတွင် Huo YanXiao လက်ထောက်ဖြစ်သူ၏ ဖုန်းမှာ အဆက်ပြတ်မြည်နေတော့သည်။

သို့သော်လည်း Huo YanXiao မှာ အစည်းအဝေးခန်းမထဲတွင် ပြည်ပမှလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံမှုများအကြောင်း ဆွေးနွေးနေသဖြင့် အလုပ်ထဲတွင်သာ အာရုံရောက်နေသည်။ နှစ်ဦးနှစ်ဖက်လုံး သဘောတူညီမှုရသည်အထိ အကြိတ်အနယ်ဆွေးနွေးပြီးမှသာ အစည်းအဝေးကြီး ပြီးဆုံးသွားတော့သည်။

ခန်းမထဲမှထွက်လာပြီးနောက် ရုံးခန်းထဲသို့ပြန်ရောက်လာသည့် Huo YanXiao ကိုတွေ့သည့်အခါ သူ၏လက်ထောက်မှ အဆက်မပြတ်ဝင်နေသည့် ဖုန်းခေါ်ဆိုမှုများအကြောင်းကို
သတင်းပို့လေတော့သည်။ သူနှင့် အင်တာဗျူးလုပ်လိုသည့်အတွက် ဆက်သွယ်လာသည့် သတင်းမီဒီယာဌာနများအကြောင်းကို အစီရင်ခံနေစဉ် Huo YanXiao ကြားဖြတ်စကားဆိုလိုက်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now