အခန်း (၁၁၁)

6.8K 719 8
                                    

Unicode

Nie AnAn ဘက်မှ မုန်တိုင်းသတင်း ရုတ်တရက် မေးလာရသည့် အကြောင်းရင်းကို Qin ZiMing လုံး၀ နားမလည်သော်လည်း ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်၊ မုန်တိုင်း သတင်းတော့ရှိတယ်။ ဒါပေမဲ့ စိတ်မပူနဲ့။ ဘယ်လေယာဉ် ခရီးစဉ်မှ ဖျက်သိမ်းမယ်လို့ ကြေညာထားတာမရှိဘူး။

ငါ မင်းအတွက် လေယာဉ်လက်မှတ် ဖြတ်ထားပေးမယ်လေ။ အဆင်ပြေတာနဲ့ ချက်ချင်း ထွက်လာလိုက်ပေါ့။"

"မလိုဘူး။"

Nie AnAn ချက်ချင်း ငြင်းလိုက်သည်။

"Nie AnAn! ! ! ငါ မင်းကို လူကဲခတ်မှားသွားတယ်။ အရင်တုန်းက ငါ့နောက်ကို တကောက်ကောက်လိုက်နေခဲ့တာက မင်းရဲ့ လှည့်ကွက်တစ်ခုပဲ မဟုတ်လား။

အခုလည်း Huo YanXiao ဒုက္ခရောက်နေတဲ့အချိန်မှာ တွေ့လိုက်ရတဲ့ မင်းရဲ့သရုပ်မှန်က ငါလုံး၀မမျှော်လင့်ထားလောက်အောင်ကို ရွံစရာသိပ်ကောင်းနေတယ်။ ငါ မင်းကို တော်တော်လေးလျှော့တွက်မိခဲ့တာပဲ။"

Nie AnAn လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ကာ ရင်ထဲမှ ဒေါသကြောင့် သူမ လေသံက ခက်ထန်နေသည်။

"မသွားဘူးလို့ ကျွန်မ မပြောဘူး! ဒါပေမဲ့ ကျွန်မအတွက် ရှင် လက်မှတ်ဖြတ်ပေးစရာမလိုဘူး! ကျွန်မ သွားချင်တဲ့ အချိန်ရောက်ရင် ကိုယ့်ဘာသာကိုယ် လက်မှတ်ဖြတ်ပြီး သွားမယ်။"

ထိုစကားကြားသည့်အခါ Qin ZiMing စိတ်သက်သာရာရသွားပြီး

"ကောင်းပြီလေ။ Huo YanXiao ရှိနေတဲ့ ဆေးရုံလိပ်စာကို မင်းဆီ ပို့ထားလိုက်မယ်။"

ထို့နောက် သူမ ဖုန်းချလိုက်ကာ ရုပ်ရှင်ရုံထဲသို့ ပြန်၀င်သွားသည်။ ထိုင်ခုံ၌ပြန်ထိုင်လိုက်သည့်အခါ နံဘေးမှ Nie ChengFeng က

"ဘာဖြစ်လို့လဲ ၊ AnAn"

"ဘာမှ မဖြစ်ပါဘူး။ ရုပ်ရှင်ပဲ ဆက်ကြည့်ရအောင်လေ။"

ရှေ့၌ပြနေသည့် ဇာတ်ကားထဲသို့သာ Nie AnAn အာရုံစိုက်လိုက်သည်။

Huo YanXiao ရှိရာ 'H'မြို့သို့ သူမ ယခုချက်ချင်း အပြေးကလေး သွားလိုက်ချင်သည်။ သို့သော် Qin ZiMing ၏ တပည့်တပန်းများက ထိုနေရာ၌ ကြိုတင်ရောက်နှင့်နေပြီဖြစ်၍ သူမ သွားရန် အဆင်မပြေတော့ပေ။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now