အခန်း (၂၃)

10.9K 1.4K 0
                                    

Unicode

အစီအစဉ်တစ်ပိုင်းလျှင် ဒေါ်လာ ၁၀,၀၀၀ ရမည်ဖြစ်၍ အိမ်ငှားရန်အတွက် သူမ ငွေအလုံအလောက်ရသွားပြီဖြစ်သည်။ ထို့အပြင် ရေရှည်လုပ်ကိုင်နိုင်မည့် အလုပ်တစ်ခုကိုလည်း အေးအေးဆေးဆေးနှင့် ရှာဖွေနိုင်မည်ဖြစ်ကာ အမှီအခိုကင်းကင်းနှင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တော့မည်ဖြစ်သည်။

ထိုသို့သောအတွေးများကြောင့် နောက်ထပ်တွေဝေမနေတော့ဘဲ စာချုပ်ပေါ်တွင် သူမ လက်မှတ်ထိုးလိုက်တော့သည်။

ထို့ကြောင့် ဒါရိုက်တာ Chen တစ်ယောက် မှိုရသည့်မျက်နှာဖြင့် ပြုံးပြုံးရွှင်ရွှင်ဆက်ပြောလေသည်။

"ဒီစာချုပ်ပေါ်မှာ ကျွန်တော့်ရဲ့ တရားဝင်တံဆိပ်တုံး ထုဖို့လိုပေမဲ့ အခု ကျွန်တော့်မှာ တံဆိပ်တုံးပါမလာဘူး။ ဒီတော့ စာချုပ်ကို ကျွန်တော်ယူသွားလိုက်မယ်။ ရုံးမှာ တံဆိပ်တုံးထုပြီးတဲ့အခါ ခင်ဗျားဆီကို ကျွန်တော် မိတ္တူတစ်စောင် ပြန်ပို့လိုက်ပါမယ်။"

Nie AnAn ခေါင်းညိတ်လိုက်ရင်း

"ကျွန်မကို အခုလိုအခွင့်အရေးပေးတဲ့အတွက် ဒါရိုက်တာ Chen ကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အစွမ်းကုန် ကြိုးစားသွားပါမယ်။"

ကိစ္စအားလုံး အဆင်ပြေချောမောစွာ ပြီးဆုံးသွားသဖြင့် Nie AnAn စိတ်ပျော်နေလေသည်။ ထို့ကြောင့် ညနေစာအတွက် အထူးစပါယ်ရှယ်ချက်ပြုတ်ရန် သူမ ပြင်ဆင်တော့သည်။

သို့သော်လည်း ထိုနေ့ညက Huo YanXiao တစ်ယောက်အိမ်ပြန်ရောက်မလာခဲ့ပေ။ ထို့ပြင် သူဘယ်နေရာသွားသည်ကိုလည်း သူမ မသိပေ။

ပါတီပွဲတွင် Huo YanXiao နှင့် စကားအခြေအတင်များပြီးချိန်မှစ၍ Nie AnAn တစ်ယောက် ဥပေက္ခာတရားလက်ကိုင်ပြုကာ သူနှင့်ပတ်သက်သမျှအားလုံးကို လုံးလုံးလျားလျား လျစ်လျူရှုထားလိုက်တော့သည်။

Nie AnAn ညနေစာ စားသောက်ပြီးသည့်အခါ မီးဖိုချောင်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်၍ ကိုယ်လက်သန့်စင်ကာ ရေချိုးလိုက်သည်။ ထို့နောက် "ရွှေအင်းလေး" ရှိုးပွဲအစီအစဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို လှန်လှောရှာဖွေကာ ထိုရှိုး၏ နောက်ဆုံးရသတင်းများကို ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now