အခန်း (၁၂၀)

7.9K 857 13
                                    

Unicode

ဟင်းချက်ရန်အတွက် လိုအပ်သည်များကို အစောကြီးကတည်းကပင် Nie AnAn ပြင်ထားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အိမ်ရောက်သည်နှင့်ချက်ချင်း မီးဖိုချောင်ထဲသို့ သူမ တန်းဝင်သွားလိုက်သည်။

မီးဖိုထဲ၌ အလုပ်များနေသည့် ဇနီးဖြစ်သူကို Huo YanXiao အမြတ်တနိုးကြည့်နေပြီး သူ၏မျက်ဝန်းများတွင် နူးညံ့ကြင်နာမှုများကအပြည့်ဖြစ်သည်။ သူမ ဟင်းချက်နေသည်ကိုစောင့်ရင်း ဖုန်းထုတ်ကာ အင်တာနက်ဖွင့်ကြည့်လိုက်သည်။

ရုတ်တရက်ဆိုသလိုစောစောက ကြည့်နူးပြုံးရွှင်နေသည့် သူ့မျက်နှာမှာ သုန်မှုန်သွားသည်။

အင်တာနက်ပေါ်တွင် ပွထနေသည့် ကွန်မန့်များကို လိုက်ဖတ်ကြည့်သည့်အခါ Nie AnAn အား ဝိုင်းဝန်းပြစ်တင်ထားသည်မှာ လွန်ခဲ့သည့် နှစ်ရက်၊ သူဆေးရုံတက်နေသည့် အချိန်ကပင်ဖြစ်ကြောင်းကို သတိပြုမိသွားသည်။

ထို့ကြောင့် AnAn သည် လွန်ခဲ့သည့်နှစ်ရက်လုံးလုံး မဟုတ်မမှန်စွပ်စွဲထားကြသည့် ထိုကွန်မန်များကြောင့် စိတ်သောကရောက်နေခဲ့မည်လား ဆိုသည်ကို သူတွေးပူမိသွားသည်။

Huo YanXiao လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် သူ့ဖုန်းထဲမှ အသံသွင်းထားသည့် ဖိုင်များကိုဖွင့်ကြည့်လိုက်သည်။ ဖုန်းပြောထားသမျှတိုင်းကို အသံဖမ်းထားလေ့ရှိသည့် သူ၏ အလေ့အကျင့်ကြောင့် Nie AnAn နှင့် သူပြောခဲ့သည့် ဖိုင်ကိုပြန်ရှာပြီးသည့်အခါ အင်တာနက်ပေါ်၌တင်လိုက်တော့သည်။

နှစ်မိနစ်ကြာသည့်အခါ Huo YanXiao ၏ အကောင့်တွင် ပိုစ့်တစ်ခုတက်လာပြီး သူရေးထားသည်က -

[ကျွန်တော် 'H' မြို့မှာ ရှိနေတဲ့အချိန် ကျွန်တော့ဇနီးက လိုက်လာသင့်၊ မလာသင့်ဆိုတာကို မပြောခင်မှာ ကျွန်တော် ဗိုင်းရပ်စ်ရောဂါပိုး မကူးခင် သူနဲ့ဖုန်းပြောခဲ့တဲ့ အသံဖိုင်ကို အရင်နားထောင်စေချင်တယ်။

ပြီးတော့ ထပ်ဖြည့်ပြောရမယ်ဆိုရင် ကျွန်တော် လူတစ်ယောက်ကို ရွေးတဲ့အခါ အပေါ်ယံအမြင်တစ်ခုနဲ့ မဟုတ်ဘဲ နှလုံးသားကို ကြည့်ပြီးမှ လက်တွဲဖို့ရွေးချယ်ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now