အခန်း (၄၃)

10K 1.3K 0
                                    

Unicode

Huo YanXiao ခေါင်းကိုက်နေသည့်အတွက် သူ့ခေါင်းကို လက်ဖြင့် ခပ်နာနာကလေး ဖိထားလိုက်သည်။ ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် အနားသို့ရောက်လာသည့် Nie AnAn ခေါင်းကို အသာအယာပွတ်လိုက်ရင်း

"ဒီနေ့ Nie မိသားစုဆီသွားတာ အဆင်ပြေလား၊ အင်တာဗျူးကိစ္စရော ဘယ်လိုလဲ။"

"အားလုံး အဆင်ပြေတယ်။ သူတို့က ညီမလေးရဲ့လုပ်ပုံကိုင်ပုံကို သိပ်သဘောကျနေကြတာ။ အန်တီ Nie ဆိုရင် ညီမလေးကို အလုပ်လုပ်ဖို့တောင် တရားဝင်ကမ်းလှမ်းလိုက်ပြီ။"

"ကောင်းပြီလေ။ နောက်လဆိုရင် အဲ့ဒီအိမ်မှာ မင်း အလုပ်စလုပ်ပေါ့။"

ထို့ပြင် Huo YanXiao ဆက်ပြောလာသည်မှာ

"AnAn ၊ 'ရွှေအင်းလေး' ရှိုးအစီအစဉ်ရဲ့ ကမ်းလှမ်းချက်ကို ငါ ဒီနေ့ လက်ခံလိုက်ပြီ။ ဒါကြောင့် ဒီရှိုးရဲ့ နောက်ထပ်အပိုင်းသစ်မှာ ငါပါလာလိမ့်မယ်။"

သူ၏စကားကြောင့် သူမ အံအြသွားသည်။ ဝတ္ထုထဲတွင် ရေးထားသည်မှာ Huo YanXiao သည် သတင်းမီဒီယာသမားများနှင့် တွေ့ဆုံပတ်သက်ရခြင်းကို မကြိုက်ပေ။ ထို့ကြောင့် သူ့အနေဖြင့် ယခုကဲ့သို့ တီဗီအစီအစဉ်တစ်ခုတွင် ပါဝင်သရုပ်ဆောင်မည်ဟူ၍ ပြောလာသည့်အခါ သူမ အဖို့ စဉ်းစားစရာဖြစ်သွားသည်။

'ဘာလို့ သူက ဒီရှိုးမှာ ပါဖို့ ဆုံးဖြတ်လိုက်တာလဲ။'

သူ၏စကားကြောင့် ဇဝေဇဝါဖြစ်သွားပုံသည့် သူမကိုကြည့်ရင်း

"အခု အလုပ်ထဲမှာ နည်းနည်းကိုင်တွယ်ရခက်တဲ့ ပြဿနာတစ်ချို့ရှိနေတယ်။ လူတွေရဲ့ အားပေးထောက်ခံမှုရဖို့အတွက် ဒီလို တီဗီအစီအစဉ်တစ်ခုမှာ ပါလိုက်တာက ထိရောက်တဲ့ နည်းလမ်းတွေထဲက တစ်ခုပဲ။"

သူ၏ဖြေရှင်းချက်မှာ ယုတ္တိရှိနေသဖြင့် သူမ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

စီးပွားရေးလောက၌ အချိန်တိုအတွင်း အောင်မြင်လာသည့် သူ့အနေဖြင့် လုပ်ငန်းပြိုင်ဘက်များစွာရှိသောကြောင့် သူ၏ကောင်းသတင်းထက် မကောင်းသတင်းကသာ ပိုများနေလေသည်။ ထို့ပြင် လူရှေ့ထွက်ရသည်ကို မနှစ်သက်သည့်သူ့အနေဖြင့် သတင်းမီဒီယာသမားများကို ဆက်ဆံရာတွင်လည်း အရေးတယူဖက်လှဲတကင်းမရှိသောကြောင့် သူ၏ကောင်းကွက်များမှာ ထိန်ချန်ထားခံရပြီး နာမည်​ဆိုးနှင့်သာ ကျော်ကြားနေရခြင်း ဖြစ်သည်။ ရင်းနှီးသည့် မိတ်ဆွေအနည်းငယ်များမှလွဲ၍ ကျန်လူများက သူ့အကြောင်းကို ကောင်းကောင်းမသိကြပေ။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now