အခန်း (၁၂၈)

7.3K 688 9
                                    

Unicode

သူတို့နှစ်ယောက်စလုံး အရွယ်ရောက်ပြီးသူများ ဖြစ်သည့်တိုင် အချို့သောကိစ္စများက အမူးပြေပြီး အသိစိတ်ရှင်းနေသည့်အချိန်တွင်သာ လုပ်သင့်သည်ဟု Nie ChengFeng လက်ခံထားသည်။

သို့မှသာ မနက်မိုးလင်း၍ အိပ်ရာမှနိုးချိန်၌ ဖြစ်လာမည့် ပြဿနာများကို ကြိုတင်တားဆီးရာလည်း ရောက်မည်ဖြစ်သည်။

သူမ အနားသို့ ရှေ့ဆက်မတိုးရသေးခင်မှာပင် ထိုမိန်းကလေးမှာ သူရှိရာသို့ ခုန်ပစ်ဝင်လာသည်။ တဆက်တည်းမှာပင် သူ့အား နမ်းကာ သူမ ကိုယ်လေးတစ်ခုလုံးက သူ့အပေါ်သို့ တွဲမှီကျလာတော့သည်။

ထို့ပြင် သူမ တွင် ချစ်သူမရှိကြောင်းနှင့် သူ့တစ်ယောက်တည်းကိုသာ ကြိုက်ခဲ့ဖြစ်ကြောင်း နှုတ်မှတတွတ်တွတ် ပြောနေတော့သည်။

သူတို့နှစ်ယောက် အခန်းထဲသို့ မည်သို့မည်ပုံရောက်သွားသည်ကိုပင် Nie ChengFeng မသိတော့ပေ။ သူသတိပြန်ဝင်လာသည့်အခါ နှစ်ယောက်လုံး အိပ်ရာပေါ်ရောက်နေပြီဖြစ်သည်။

ရီဝေနေဆဲဖြစ်သည့် ထိုမိန်းကလေး၏မျက်လုံးများကို ကြည့်မိသည့်အခါ Nie ChengFeng အမူးပြေသွားပြီး သူ့ခေါင်းတစ်ခုလုံး ကြည်သွားသည်။ Fang Wei ကို စိတ်မဝင်စားကြောင်း ကိုယ့်ကိုယ်ကိုယ် သိနေသည်။

အကယ်၍ ယခင်တုန်းကသာဆိုလျှင် လက်ခံကောင်းလက်ခံလိမ့်မည်။ သို့သော် ယခုမူ သူမနှင့်ပတ်သက်၍ မည်သည့်ခံစားချက်မှပင် မရှိတော့ပေ။ သို့မဟုတ် ဟိုးယခင်ကတည်းကပင် သူမ အပေါ်၌ ဘာခံစားချက်မှ မရှိခဲ့ခြင်း ဖြစ်နိုင်သည်။

သူ့အနားတွင် အရိပ်ပမာရှိနေခဲ့သည့် သူမ ၏ဖြစ်တည်မှုကို အကျင့်တစ်ခုပမာ စွဲလမ်းခဲ့မိခြင်းဖြစ်နိုင်သည်။ ယခု ထိုအကျင့်ကို သူစွန့်လွှတ်လိုက်ပြီဖြစ်၍ နှစ်ယောက်သားဆက်ဆံရေးမှာ သူစိမ်းများထက်အနည်းငယ်ပိုသည့် ဖားတစ်ပိုင်းငါးတစ်ပိုင်း အခြေအနေသာ ရှိတော့သည်။

AnAn မင်္ဂလာဆောင်သည့်အခါ အိမ်ထောင်ပြုသည့်ကိစ္စနှင့် ပတ်သက်၍ သူမ အား စနောက်ခဲ့ဖူးသည်။ ထို့ကြောင့် သူ့ဘက်ကဆန္ဒအပြည့်အဝမရှိသည့် ကိစ္စတစ်ခုအတွက်နှင့် အိမ်ထောင်ဟူသည့် ဒုက္ခတွင်းထဲသို့ မဆင်းလိုပေ။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now