အခန်း (၁၀၄)

7.4K 711 6
                                    

Unicode

သို့သော် Huo YanXiao မှာ သူမ အား ကလေးတစ်ယောက်အဖြစ် မမြင်တော့ကြောင်းကို Nie AnAn သိလိုက်ရသည့်အခါ သူ့ထံမှ ချက်ချင်းပုန်းရှောင် ထွက်ပြေးသွားတော့သည်။ အမှန်တကယ်၌မူ သူမသည် သူရဲဘောကြောင်သူ၊ သတ္တိမရှိသူသာ ဖြစ်သည်။

Huo YanXiao ဘက်မှ ယခုကဲ့သို့ ပွင်းပွင့်လင်းလင်း ပေါ်တင် ပြောလာသည့်အခါ သူမ ဘာပြန်ပြောရမှန်း၊ မည်သို့ပြန်ဖြေရမည်ကို မသိတော့ပေ။ နှုတ်ခမ်းလေးနှစ်ဖက်ကို ခပ်တင်းတင်းလေး ဖိကိုက်ထားနေမိကာ သူ့ရှေ့မှ အလျှင်အမြန်ပျောက်ကွယ်သွားချင်သည့် အတွေးများကသာ သူမ ခေါင်းထဲ၌ ရှိနေတော့သည်။

Huo YanXiao အနေဖြင့် သူမ အား နောက်ထပ်နမ်းရန် အမှန်တကယ် ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ စနောက်လိုက်ခြင်းသာ ဖြစ်သည်။

သို့သော် မျက်နှာ တစ်ခုလုံးနီရဲနေကာ အနေရခက်နေသည့် သူမ ပုံစံလေးကြောင့် Huo YanXiao စိတ်မထိန်းနိုင်တော့ပေ။ သူမ ထံမှ စကားသံတို့ ထွက်မလာခင်မှာပင် Nie AnAn နှုတ်ခမ်းပေါ်သို့ ဒုတိယအကြိမ် အနမ်းမိုးများ ရွာချမိပြန်တော့သည်။

စောစောက ငြိမ်သက်လုနီးပါး ဖြစ်နေသည့် သူမ ၏ ရင်ခုန်သံတို့မှာ အတိုင်းအဆမရှိ အရှိန်အဟုန်ဖြင့် မြန်ဆန်လာပြန်သည်။ တဆက်တည်းမှာပင် Huo YanXiao ၏ လက်များက ကြောင်ကြည့်နေမိသည့် သူမ မျက်လုံးများကို ဖုံးကွယ်ထားလိုက်ကာ Nie AnAn ၏ အမြင်အာရုံတစ်ခုလုံးကို အမှောင်ထုကသာ စိုးမိုးသွားတော့သည်။

ယခုတစ်ခေါက်မှာ စောစောကနှင့်မတူဘဲ သူ၏အနမ်းများက အနည်းငယ် အကြမ်းပတမ်းဆန်နေသည်။ နှုတ်ခမ်းချင်းပွတ်တိုက်လိုက်ပြီး စိတ်လှုပ်ရှားမှုတို့ကြောင့် ခပ်တင်းတင်းလေး ဖိကိုက်ထားနေမိသည့် သူမ ခံတွင်းထဲသို့ ထိုးဖောက်၀င်ရောက်လာသည်။

Nie AnAn ခေါင်းတစ်ခုလုံး ပေါက်ထွက်တော့မတက်ပင် ရင်ခုန်သံမြန်နေပြီဖြစ်ကာ မုန်းတိုင်းထန်သည့် ပင်လယ်ပြင်၌ လူးလွန်နေသည့် လှေငယ်လေးကဲ့သို့ပင် သူမ တစ်ကိုယ်လုံး ချာချာလည်နေတော့သည်။ ဘာဆိုဘာမှ မတွေးနိုင်တော့ဘဲ ခေါင်းတစ်ခုလုံးက ဟာလာဟင်းလင်း ဖြစ်သွားသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now