အခန်း (၂၀)

11.3K 1.4K 3
                                    

Unicode

Huo YanXiao တစ်ယောက် Qin အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး Nie အုပ်စုနှင့်လည်း သဘောတူညီမှုရရှိနိုင်ရန် ကြိုးပမ်းနေကြောင်းကို ဘဏ္ဍာရေးနှင့်ပတ်သက်သည့် သတင်များမှတစ်ဆင့် Nie AnAn တွေ့နေရသည်။

Huo YanXiao ၏ စီးပွားရေးလုပ်ငန်းများက အချိန်တိုအတွင်းမှာပင် တဟုန်ထိုး ကြီးထွားလာခြင်းဖြစ်သော်လည်း ယခုလက်ရှိ သူ၏ပုံစံနှင့် လှုပ်ရှားမှုများမှာ   ဝတ္ထုထဲတွင် ဖော်ပြထားသည်နှင့်မတူဘဲ ပိုမိုလျို့ဝှက်လွန်းနေသည်ဟု Nie AnAn ခံစားမိသည်။

---------

ထို့နောက် အောက်ထပ်မှကြားရသည့်အသံများကြောင့် ဆံပင်ခြောက်အောင်လုပ်နေရင်းတန်းလန်းနှင့်ပင် ရေချိုးခန်းထဲမှ သူမ ထွက်လာသည်။ အိမ်အောက်ထပ်သို့ လှမ်းကြည့်လိုက်သည့်အခါ Huo YanXiao တစ်ယောက် ဧည့်ခန်းရှိဆိုဖာပေါ်တွင် မလှုပ်မယှက် ရှိနေသည်ကို သူမ တွေ့လိုက်ရသည်။

ထိုအချိန်၌ လှဲနေရာမှ သူ ရုတ်တရက်ထရပ်လိုက်ကာ သန့်စင်ခန်းရှိရာသို့ ခပ်မြန်မြန်လျှောက်သွားပြီးခဏအကြာတွင် အော့အန် နေသည့်အသံများကို သူမ ကြားရလေသည်။

ထို့နောက်တွင် ဆိုဖာခုံရှိရာသို့ Huo YanXiao ပြန်သွားပြီး  နောက်ထပ်လှုပ်ရှားသံ တစ်စုံတစ်ရာမှ မကြားရတော့ဘဲ တစ်အိမ်လုံးတိတ်ဆိတ်သွားတော့သည်။

အောက်ထပ်မှလှုပ်ရှားသံများကို တစ်ချိန်လုံးနားစွင့်နေသည့် Nie AnAn တစ်ယောက် "ဒုက္ခပါပဲ..." ဟု ရေရွတ်လိုက်ပြီး Huo YanXiao ကိုသွားကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။

'အေးလေ... ငါက သူ့အိမ်မှာခိုကပ်နေတဲ့အပြင် သူ့ညီမခန္ဓာကိုယ်ထဲမှာလည်း ရောက်နေတာဆိုတော့ ငါ့တာဝန်မကင်းပါဘူးလေ။'

လွန်ခဲ့သည့်ရက်များက Huo YanXiao ၏အနေအထိုင်နှင့် အပြုအမူများက သူမကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့သော်လည်း ယခုကဲ့သို့ အမူးလွန်နေသည့်သူ၏လက်ရှိအခြေအနေကို သူမ လျစ်လျူရှုရန် မဖြစ်နိုင်ပေ။

Nie AnAn အောက်ထပ်သို့ဆင်းသွားကာ Huo YanXiao ကို တစ်ချက်ကြည့်လိုက်သည်။ သူအိပ်နေသည့် ပုံစံက သက်သောင့်သက်သာမရှိလှဘဲ အဆင်မပြေဖြစ်နေသည်ကို သူမ တွေ့ရလေသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now