၇၂။ ကျေအောင်​ ပြန်​ချေ

7.3K 1.2K 164
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No  Cause

၇၂။ ကျေအောင်​ ပြန်​ချေ

________

"ရှင်​ မမြင်​နိုင်​ဘူးလား၊ ကျွန်​မ အနာဂတ်​အတွက်​နဲ့ ကိုယ့်​အသက်​ကို လောင်းကြေးထပ်​နေတာကို..."

မီးတောက်​များ၏ အလျံတငြီးငြီးနှင့်​ အပြိုင်​၊ ရှန်းမြောင်​၏ မျက်​ဝန်းတို့က သာ၍ တောက်​လောင်​နေသည်​။ သူမ၏ ခေါင်းမာမှုကလည်း နှဲ့မရသော ကျောက်​တိုင်​ပမာရှိနေ၏။

"သေသွားတဲ့လူအတွက်​ ဘာအနာဂတ်​က အရေးပါမှာလဲ" ရှဲ့ကျင်းရှင်း မနေသာတော့။ "ဒါ အန္တရာယ်​များလွန်းတယ်​"

သို့သော်​လည်း ရှန်းမြောင်​က ရယ်​ပေါ့၍ ငေါ့လေသည်​။ "ကျွန်​မက နယ်​စားကလေးနဲ့ မတူဘူး၊ နယ်​စားလေးက အမြင်​ကျယ်​တယ်​... လက်​တံရှည်​တယ်​၊ လိုချင်​တာကို အားထုတ်​စရာမလိုဘဲ အရယူနိုင်​တယ်... ကျွန်​မအတွက်​တော့ အဲ့သလို မဟုတ်​ဘူး၊ ကိုယ့်​အသက်​နဲ့မှ လောင်းကြေးမထပ်​ရင်​ သေတာထက်​ပိုဆိုးတဲ့ ဘဝနဲ့ အသက်​ဆက်​သွားရလိမ့်​မယ်​... ကျွန်​မ သေရမှာ မကြောက်​ဘူး၊ မီးကိုလည်း မကြောက်​ဘူး" သူမ ခဏနားလိုက်​သည်​။ "ရှင်​ သွားသင့်​ပြီ"

ရှဲ့ကျင်​ရှင်း သူမကို မျက်​မှောင်​ကျုတ်​လျက်​ ကြည့်​နေသည်။ ထိုမက်​မွန်​လွှာ မျက်​ဝန်းလှလှမှာတော့ နမြောဝမ်းနည်းခြင်းတို့ ခေတ္တခဏမျှ လှပ်​ပြေးသွားခဲ့သည်​။ သူသည်​ လူကောင်းတစ်​ယောက်​မဟုတ်​။ သူတစ်​ပါးကို ကယ်​တင်​ခြင်းလောက်​ ကသီမည့်​ အမှု သူ မပြုလို။ ခုနက သူ မတော်​တဆ ယောင်​ယမ်းကာ ပြောမိခြင်း။ ယခု သူ အသိပြန်​ဝင်​လာတော့မှ စိတ်​လွတ်​သွားမိသည့်​ မိမိကိုယ်​ကို လှောင်​ပြုံးမိတော့သည်​။ ထိုသို့ တွေးမိပြီးနောက်​ ရှဲ့ကျင်းရှင်းသည်​ မီးမစွဲလောင်​သေးသော ထောက်​တိုင်​တစ်​တိုင်​ကို မှီလျက်​ ရပ်​ပြီး လက်​ပိုက်​ကာ ဆို၏။ "ရှန်းအိမ်​တော်​မှာ မင်းက ပါးနပ်​သူပဲဆိုတာ ကျုပ်​ မေ့သွားလို့၊ မင်းမှာသေချာပေါက်​ ဘေးမသီရန်​မခ ပြန်​ဆုတ်​နိုင်​မဲ့ နည်းလမ်း ရှိမှာပဲ... ဒီနယ်​စားလေးကလည်း မင်းအစွမ်းအစ ဘယ်​လောက်​ရှိသလဲ ကြည့်​ချင်​သေးတယ်​..."

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now