၄၆။ ဘဝလောင်းကြေး

9.5K 1.5K 79
                                    

၄၆။ ဘဝလောင်းကြေး

Burmese translation of {Rebirth of Malacious Empress of Military Lineage}

[Translator - Twinkle]

___________________________________

'အခု ငါ့အလှည့်ပဲ' ဆိုတဲ့စကားကို ရှန်းမြောင်က ပေါ့ပေါ့ပါးပါးပြောသွားသလောက် သူတို့အတွက်တော့ ပြောမပြနိုင်တဲ့ အေးခဲမှုကိုခံစားရစေတယ်။ သူမရဲ့စကားသံဟာ အမြင့်ဆုံးကောင်းကင်ဘုံကနေ ဆင်းသက်လာသကဲ့သို့ ချိုင်လင်ဆီတိုက်ရိုက် ပြင်းပြင်းထန်ထန်ရိုက်ခတ်သွားခဲ့တယ်။

သူ့ရှေ့မှာရှိနေတဲ့ ရှန်းမြောင်ကို ကြောက်ကြောက်လန့်လန့်ကြည့်နေရင်း ချိုင်လင်ရဲ့နဖူးပြင်ဆီက ချွေးစေးတွေက တစ်စက်ချင်းကျနေခဲ့တယ်။

ရှန်းမြောင် အရှေ့ကိုခြေလှမ်းအနည်းငယ်တိုးလာခဲ့တယ်။ ပြီးတော့မြေပြင်မှာရှိနေတဲ့ လေးအရှည်ကို ခါးညွှတ်ပြီးကောက်ယူခဲ့တယ်။ ထိုနေရာမှာ ရှိနေတဲ့လူတိုင်းက သူတို့ရဲ့အကြည့်တွေကို တစ်ချက်ကလေးမှ မလွှဲနိုင်လောက်အောင် သူမရဲ့လှုပ်ရှားမှုတိုင်းမှာ မျောပါနေကြတယ်။

ဒါက မမျှော်လင့်ထားတဲ့ မြင်ကွင်းပဲ။ ရှန်းမြောင်ဟာ ကြောက်လန့်ပြီး သူမကိုယ်တိုင် သူမရဲ့တည်ရှိနေမှုကိုပင် မေ့လျော့သွားလောက်အောင် သတိမေ့သွားမယ်လို့ အစတုန်းကထင်ကြတယ်။ ဒါပေမယ့် အဲ့ဒါတွေ တစ်ခုမှဖြစ်မလာခဲ့ဘူး။ ချိုင်လင်တောင်မှ ချွေးစေးတွေနဲ့ ရွှဲရွှဲစိုပြီး မြှား(၃)ချောင်းလုံးကို ကောင်းကောင်းမပစ်နိုင်ခဲ့ဘူး။

တစ်ခဏမျှ ကြောင်အနေကြပြီးနောက် စင်အောက်ရှိ ပရိသတ်တွေရဲ့ ဆွေးနွေးမှုတွေစတင်ကြတော့တယ်။

"အဖေက ခြင်္သေ့ဆိုရင် သမီးကခွေးမဖြစ်နိုင်ဘူး ဆိုတာ တကယ်မှန်တာပဲ... ရှန်းမိန်းကလေးငယ်က တကယ်ရဲရင့်တာပဲ...!" ထိုစကားကိုပြောတဲ့သူက ရှန်းရှင်နဲ့ ဆိုးဝါးတဲ့ဆက်ဆံရေးမရှိဘူး။ အရင်က ရှန်းမြောင်ဟာ မိုက်မဲပြီးအသိဉာဏ်မရှိဘူးလို့ ကောလဟလတွေကြားတဲ့အခါ သူသံသယဝင်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့ကြည့်ရတာတော့ ထိုစကားတွေက အခြေအမြစ်မရှိဘူးလို့ သူသိခဲ့တယ်။ ဒီလိုသတ္တိမျိုးနဲ့ ရဲရင့်တဲ့လူတစ်ယောက်က ဘယ်လိုလုပ် အရူးဖြစ်မှာလဲ...? ဒါဟာ တစ်စုံတစ်ယောက်က တမင်ရည်ရွယ်ပြီး ထိုမိန်းကလေးငယ်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်လုပ်နေမှန်း သိသာတယ်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now