၁၂၁။ သူ သေသွားပြီ

3.9K 598 39
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause, Edge

၁၂၁။ သူ သေသွားပြီ

ရှန်မြောင် လက်ဖက်ရည်ကြမ်းကို အလျင်မလို အေးအေးလူလူ သောက်နေလေသည်။

ဤအချိန်၌ အပြင်မှာဘက်ဆီတွင် လေပြင်းပြင်းထန်ထန် တိုက်ခတ်နေပြီဖြစ်ပြီး သူမကတော့ ခန်းမ ထောင့်ကလေးတွင် ထိုင်နေရင်း ကျင်းကျဲ့ ငှဲ့၍ ကမ်းပေးလာမည့် ရေနွေးကြမ်းပူပူကို စောင့်နေလေသည်။ ရေနွေးကြမ်းခွက် သူမ လက်ထဲ ရောက်လာသောအခါ ဖြည်းညင်းစွာ တစ်ငုံချင်းသောက်နေတော့သည်။ သူမအသွင်မှာ မီးဖိုဆောင်မှ သိုးသားလွှာများ ပြင်ဆင်ချက်ပြုတ်ပြီးမည့်အချိန်ကို စောင့်နေသည့် ဘာမှ မသိနားမလည်သော ဖြူစင်သည့် မိန်းမပျိုလေးနှယ် ရှိလေ၏။

လော့လင်း မျက်နှာထား ညိုမှောင်သွားတော့လေသည်။ သူ မူမမှန်သည်ကို လော့ဆာ့ သတိထားမိသွားပြီး လော့လင်းအကြည့်လားရာ ရှန်မြောင်ဘက်ဆီသို့ လှမ်းကြည့်လိုက်မိသည်။ ရှန်မြောင်ကို တွေ့သောအခါ သူလည်းပဲ မျက်နှာပျက်သွားပြီး မေးလိုက်တော့လေသည်။ "ဘာဖြစ်တာတဲ့လဲ"

လော့လင်း သူ့ကို လျစ်လျူရှုထားလိုက်သည်။ ရဲမက်များကိုလည်း မည်သို့ လှုပ်ရှားရန်ဟူသည့် အမိန့်ညွှန်ကြားချက် မပေးသေး။ ထိုအစား ထရပ်လိုက်ပြီး ရှန်မြောင် ရှိရာသို့ လျှောက်သွားလိုက်တော့လေသည်။ "ပြောင်မေးနဲ့ အစ်ကို စကားနည်းနည်းလောက် ပြောချင်တယ်"

"အစ်ကိုလော့ ပြောချင်တဲ့စကားကို ဒီနေရာမှာပဲ ပြောလို့ ရပါတယ်" ရှန်မြောင်က လက်ထဲမှ လက်ဖက်ရည်နွေးခွက်ကို ဘေးချထားလိုက်ပြီး အသာအယာ ပြုံးပြလိုက်သည်။ "တကယ်ပဲ တစ်ခုခု ဖြစ်နေပြီဆိုရင်လည်း ဖုံးကွယ်ထားလို့ မဖြစ်တော့ ဘူးလေ"

အခြေအနေကို လော့ထန်နှင့် လော့ချန်တို့ တွေ့သောအခါ သူတို့လည်းပဲ ချဉ်းကပ်လာတော့လေသည်။ သည်တစ်ခါမှာတော့ သူတို့ သိသိသာသာ မူပျက်နေသဖြင့် မာရှီနှင့် ယွိရှီတို့လည်း သတိထားမိသွားကြလေသည်။ သူတို့အထင်၌ ရှန်မြောင်နှင့် လော့လင်းတို့ အငြင်းပွားနေကြသည်ဟု ဖြစ်သည်။ ဤအခြေအနေမျိုး၌ သူတို့သည် မိန်းကလေးဘက်ကိုသာ ဘက်လိုက်လိုကြလေသည်။ ယွိရှီ ချက်ချင်း လျှောက်လာလိုက်ပြီး လော့လင်းကို ကြည့်ကာ စိတ်ပျက်ဟန်ဖြင့် ခေါင်းခါပြလိုက်တော့သည်။ "လင်းအာ၊ ကျောင်ကျောင်း ကြောက်အောင် မလုပ်နဲ့လေ"

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now