၉၇။ ယုတ်မာသော ယောင်းမ ရောက်ရှိလာပြန်

4.7K 613 24
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge, No Cause

၉၇။ ယုတ်မာသော ယောင်းမ ရောက်ရှိလာပြန်

မင်ချီ၏ ခြောက်ဆယ့်ကိုးနှစ်မြောက် ဆောင်းရာသီက တစ်ညလုံး နှင်းများ ကျနေ၏။ အချိန်ကိုက် နှင်းကျမှုက ယခင်နှစ်ထက် သီးနှံ ရိတ်သိမ်းမှု ပိုကြွယ်ဝမည် ဆိုတာကို ညွှန်ပြနေသောကြောင့် သာမန် ပြည်သူ ပြည်သားများက အပျော်များဖြင့် ပြည့်နေကာ လာမည့် နှစ်၏ ရိတ်သိမ်းမှုအတွက် ဆုတောင်း နေကြတော့သည်။

သို့သော် တင်းမြို့တော်ထဲရှိ စစ်သူကြီး၏ အိမ်တော်အတွက်မူ ယခုနှစ်က ထူးခြားသော နှစ်တစ်နှစ် ဖြစ်ရပေမည်။

ရှန်မိသားစု၏ ဒုတိယ အိမ်တော်က တိသမီးတစ်ဦး ဆုံးရှုံးသွားခဲ့ပြီ သူတို့၏ မိသားစု သခင်မကလည်း စိတ်နောက်သွားရှာသည်။ ထို့အပြင် အစွမ်းအထက်ဆုံး အိမ်တော်ကလည်း ကျန်သည့် အိမ်တော်ခွဲနှစ်ခုနှင့် အစေးမကပ် ဖြစ်နေပုံ ပေါ်ပြီး ယခင်က ကဲ့သို့ ရင်းနှီးမှုမျိုး မရှိတော့ရာ သိသိသာသာ စိတ်ဝမ်းကွဲသည့် လက္ခဏာတောင် ရှိနေ၏။

ရှန်ချင်းနှင့် ယခင်က စေ့စပ်ကြောင်းလမ်းထားသည့် ဟွမ်မိသားစုသည် ရှန်မိသားစုနှင့် ရန်သူတော် လုံးလုံး ဖြစ်သွားခဲ့ကြသည်။ သို့သော် ရှန်ရှင်းတို့ လင်မယားက တင်းမြို့တော်တွင် တစ်ချိန်လုံး မရှိနိုင်သောကြောင့် သူတို့ကလည်း ရှန်ရှင်းတို့ကို ဒေါသ ထွက်မနေပေ။ ရှန်မြောင်နှင့် စေ့စပ်ခဲ့သည့် ဝေ့မိသားစုအတွက်မူ လော့ရွှယ်ရန်ကိုယ်တိုင် ဝင်ရောက်လာပြီး အားလုံးက နားလည်မှု လွဲခြင်းသာ ဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဝေ့မိသားစုက ရိုးသားသည်ဟု သတ်မှတ်ခံရသူများ ဖြစ်ကာ သူမအတွက် မခက်ခဲစေပေ။ ရှန်ရှင်းကလည်း ဝေ့တာ့ရန်ကို နောင်တွင် တရားရုံး၌ ကူညီပေးမည်ဟု ကတိပေးခဲ့ရာ ဝေ့မိသားစုက ဤမျက်နှာသာပေးမှုကို ပျော်ပျော်ရွှင်ရွှင်နှင့် လက်ခံလိုက်တော့၏။

ရှန်မြောင်အဖို့မူ ယခုနှစ်က အတော်လေးကောင်းသည်ဟု သတ်မှတ်နိုင််ပေသည်။ ဖုရှိုးယီ မရှိ၊ မင်းသားယွီ မရှိ၊ ရမ့်ဝန်ယွင်နှင့် ရှန်ချင်းတောင် ရှိမနေပေ။ အချို့သော ကိစ္စများက တစ်ချက် ပြောင်းလဲရုံးဖြင့် ပြောင်းလဲသွားတော့၏။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now