၈၂။ အရောင်းအဝယ်/ က

4.8K 815 21
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge

၈၂။ အရောင်းအဝယ်/ က

“သခင်မလေးက အတော်လေးကြည့်ကောင်းပြီး ရှန်မျိုးရိုးနဲ့ဆိုတော့ ရှန်မိသားစုဝင် ဖြစ်ဖို့များတယ်” ကျီယွီရှုက ခေါင်းကုတ်ကာ “သူက သိပ်ကို ကြမ်းတမ်းလွန်းပြီး ကျုပ်ရဲ့ ခမ်းနားချက်ကို မမြင်တတ်ရုံလေးပါပဲ”

ထိုသို့ပြောပြီးချိန် အခန်းက ထူးထူးဆန်းဆန်း ဆိတ်ငြိမ်သွားတော့သည်။ ခဏအကြာတွင် ကောင်းယန်က ပြုံးပြီး ရှဲ့ကျင်းရှင်းကို ကြည့်ကာ “သူ ဘယ်သူမှန်း ငါအကြမ်းဖျင်းတော့ သိပြီ၊ အဲဒီ ရှန်မိသားစုက သခင်မလေးက အတော်လေး အစွမ်းထက်သား”

အပြုံးက နွေးထွေးသည့်တိုင် လေသံကတော့ ထက်သည့်မှတ်ချက်ကို ထုတ်ပြနေပေသည်။

“တကယ်တော့ ကျွန်တော်လဲ ထူးဆန်းတယ်ထင်မိတာပဲ” ကျီယွီရှုက ခေါင်းကုတ်လျက် “ သူရောက်လာတုန်းက ကျွန်တော် ဂရုတစိုက် လေ့လာတဲ့အချိန် ပိုင်ရှောင်ရှန်းနဲ့ ပထမဆုံးအချိန် အရောင်းအဝယ် လုပ်တာ မဟုတ်ဘူးလို့ ထင်ရတယ်၊ ဟုန်လင်းကို မေးတော့ သူ့ကို အရင်က တစ်ခါမှ မတွေ့ဖူးဘူး ပြောတယ်၊ ကျွန်တော်တို့ လုပ်ငန်းက အမြဲတမ်း လျှို့ဝှက်ထားပြီး တင်းမြိုု့တော်က မိသားစုအနည်းစုအပြင် ကျန်တဲ့သူတွေ မသိကြဘူး၊ သူ... ဘယ်လိုသိလာတာလဲ”

“အဲဒီသခင်မလေးက တကယ် မရိုးရှင်းဘူး” ကောင်းယန်က တွေးဆပြီး ပြောလိုက်သည်။

“အစက တင်းမြို့တော်ရဲ့ ရှန်မိသားစုကို ဦးနှောက်မရှိတဲ့ အသားတုံးတွေလို့ ထင်ခဲ့တာ၊ အနှေးနဲ့အမြန် သူများဝါးမျိုးတာ ခံရမှာပဲပေါ့၊ အခုတော့ ရေက ထင်ထားတာထက် နက်ရှိုင်းပုံရသား”

သူက ရှဲ့ကျင်းရှင်းကို ဖျတ်ခနဲ ကြည့်လိုက်ရာ ထိုလူ အတွေးနက်နေတာ မြင်သောကြောင့် မေးလိုက်၏။

“ဒီကိစ္စကို မင်းဘယ်လိုထင်လဲ”

ရှဲ့ကျင်းရှင်းက ခေါင်းမော့ပြီး ကျီယွီရှုကို ကြည့်လိုက်၏။ “သူ့တောင်းဆိုချက်ကို မင်း သဘောတူခဲ့လား”

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now