၇၁။ ဘိုးဘေးခန်းမ မီးရှို့ခံရ (၁)

5.9K 1K 29
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No  Cause

၇၁။ ဘိုးဘေးခန်းမ မီးရှို့ခံရ (၁)

________

စစ်​သူကြီး အိမ်​တော်​ အရှေ့ဘက်​အိမ်​ဝန်းမှာတော့ အင်​မတန်​ သက်​ဝင်​လှုပ်​ရှားနေလေသည်​။ ဧည့်​သည်​များ သွားသွားလာလာနှင့်​၊ မွေးနေ့ဆုတောင်း စကားပြောသူက ပြော၊ လက်​ဆောင်​ ပေးသူကပေးနှင့်။ စားသောက်​ပွဲကြီး မစခင်​အချိန်​လေးအတွင်း သဟဇာတမျှမျှ ရွှင်​မြူးချမ်းမြေ့သော ပတ်​ဝန်းကျင်​ အနေအထားမျိုးကို ဖြစ်​နေစေ၏။ 

အပြင်​လူများအရှေ့တွင်​တော့ ရှန်းလောင်​ဖူးရန်​သည်​ သဘောထားပြည့်​ဝဟန်​ဆောင်​ထားတတ်​သည်​။ သခင်​မလေးများ သူမကို လက်​ဆောင်​လာပေးလျင်​ သူမကလည်း ပထမဆုံး တွေ့ဆုံခြင်း အမှတ်​တရဟုဆိုကာ အဖိုးတန်​ လက်​ဆောင်​များ ပြန်​ပေးတတ်​လေသည်​။ ဤသို့သော မြင်​ကွင်းများကို မြင်​တော့ အနှီမင်းကတော်​တို့ အပြုံးများ ပိုမို ဖော်​ရွှေစစ်​မှန်​လာကြတော့လေသည်​။ သို့သော်​ ရမ့်​ဝန်​ယွင်​မှာတော့ အံတကြိတ်​ကြိတ်​။

ရမ့်​ဝန်​ယွင်​မှာ အိမ်​တော်​ ဘုံဘဏ္ဍာကို တာဝန်​ယူထားရသည်​ဖြစ်​ရာ အိမ်​တော်​ခွဲ သုံးခုစလုံး၏ အသုံးစားရိတ်​ကို သူမက စီမံခန့်​ခွဲရလေသည်​။ လောင်​ထိုက်​ထိုက်​ (ဘွားဘွားကြီး) က လက်​ဖွာလွန်းသောကြောင့်​ သူမ စုမိဆောင်းမိသည့်​ ပမာဏက နည်းပါးလာသည်​။ ထိုမျှမက ရှန်းကွေမှာ မင်းစိုးမိုးမျိုး အရာရှိ အသိုင်းအဝန်းတွင်​ ဝင်​ဆံ့နိုင်​ရန်​အတွက်​ သုံးနိုင်​ဖြုန်းနိုင်​မှ တော်​ကာကျရော့မည်​။ သို့နှင့်​ ဤကာလအပိုင်းအခြားအတွင်း ငွေရေးကြေးရေး အခြေအနေမှာ အင်္ကျီရင်​ဘတ်​ကို ဆွဲစိလိုက်​လျင်​ လက်​တံတောင်​ ပေါ်သွားသကဲ့သို့ လောက်​ငှရုံတမယ်​သာ ရှိ၏။

သည်​မှာဘက်​မှာ ဆူညံ မြူးထူးနေသော်​လည်း ဟိုမှာဘက်​တွင်​တော့ ထိုသို့ မဟုတ်​။ ရှန်းအိမ်​တော်​၏ အနောက်​တောင်​ထောင့်​အရပ်​တွင်​တော့ ဘိုးဘေးခန်းမဆောင်​မှာ အေးတိအေးစက်​ အထီးတည်း တည်​ရှိနေလေသည်​။ သို့သော်​ ဘိုးဘေးဆောင်​ဝန်းအပြင်​ဘက်​တွင်​မူ ရဲမက်​အစောင့်​များရှိနေသည်​။ ဘိုးဘေးခန်းမတစ်​ခုအနေနှင့်​ ဤမျှများပြားသော အစာင့်​များ စောင့်​ကြပ်​ပေးနေစရာ မလို။ ဒီလူများ ဤသို့ နေရာချထားခံရသည့်​ အကြောင်းရင်းမှာ ရှန်းမြောင်​ ထွက်​မပြေးစေရန်​ စောင့်​ကြည့်​ရန်​ အလို့ငှာ။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now