၁၁၇။ အစ်ကိုရှဲ့

3.7K 578 15
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge, No Cause

၁၁၇။ အစ်ကိုရှဲ့

ရှန်အိမ်တော်ရှိ အနောက်ဖက် ခြံဝန်းထဲရှိ အလင်းက ညအမှောင်ယံ တောက်လျှောက် လင်းနေတော့သည်။ ရှန်ကွေ့နှင့် ရှန်ဝန်က ထိုအကြောင်းကို စုံစမ်းချင်ခဲ့သောကြောင့် ခြင်တစ်ကောင်တောင် မဝင်နိုင်သည့် ခြံဝန်းအပြင်ဘက်ကို စောင့်ကြည့်စေရန် သူတို့၏ ကိုယ်ပိုင်လူများ လွှတ်ထားခဲ့သည်။ သို့သော် အထဲတွင် ပြောခဲ့သမျှကို စုံစမ်းနိုင်ရန် အတွက်မူ အလုပ်ထက် အပြောက ပိုလွယ်ပေသည်။

အခန်းထဲတွင် ရှန်ချိုးက ရှန်မြောင်အတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးပြီးနောက် ပြောလိုက်၏။

“ညီမလေး ဖြည်းဖြည်းပြော”

စစ်တပ်ရေးရာနှင့် ပတ်သတ်လျှင် ရှန်မိသားစု၌ ရှန်ရှင်း၊ လော့ရွှယ်ရန်နှင့် ရှန်ချိုး ရှိသည်။ ရှန်မြောင်က ထိုကဲ့သို့ အရေးကိစ္စမျိုးတွင် တစ်ခါမျှ ဝင်မပါခဲ့ဖူးပေ။ တိုက်ပွဲနှင့် ဝေးကွာသည့် တင်းမြို့တော်တွင် အမျိုးသမီးလေးများက ကြီးပြင်းလာပြီး တင်းမြို့တော်ထဲရှိ မိသားစုကြီးများတောင် တည်ဆောက်ပုံကို နားလည်နိုင်မှာ မဟုတ်ပေ။ စစ်ရေးစစ်ရာ ကိစ္စတွင် ရံဖန်ရံခါ မဖော်ပြတတ်သည့် သစ္စာဖောက်မှုများ ရှိနေပြီး အပေါ်ယံတွင် မြင်ရသကဲ့သို့ မရိုးရှင်းပေ။ အရာရှိ အများစုတောင် ကွဲပြားခြားနားချက်ကို မပြောနိုင်ပေ။ ရှန်မြောင်ဆို ပိုဆိုးချေလိမ့်မည်။

သို့သော် ရှန်မြောင် ထိုသို့ ပြောခဲ့လျှင်တောင် သူမ ပြောသမျှ အရာအားလုံးက ယုတ္တိရှိပေ၏။ ထို့ကြောင့် ရှန်ရှင်းနှင့် ဇနီးက တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း မဖလှယ်ဘဲ မနေနိုင်ကြတော့ချေ။

“ရှန်မိသားစုတပ်ကို လွှတ်ပြီး လော့မိသားစု စစ်တပ်ကို အသက်သွင်း”

လော့ရွှယ်ယန်က ပြော၏။

“ဒါပေမဲ့ ရှန်မိသားစုရဲ့ တပ်ဖွဲ့က အားလုံးက လက်ရွေးစင်တွေပဲ။ ပြီးတော့ လော့မိသားစု တပ်ကတော့....”

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now